စင်ကာပူနိုင်ငံရဲ့ စီးပွါးရေးတိုးတက်မှုနှုန်းဟာ ခန့်မှန်းထားတာထက် အများကြီးဆိုးရွားနေပြီး စီးပွါးရေးကျဆင်းမှုချောက်ထဲကျရောက်သွားခဲ့သည်။
စင်ကာပူ၏ ဒုတိယ quarter GDP သည် မနှစ်က ယခုလို အချိန်နှင့်နှိုင်းယှဉ်လျှင် ၁၂.၆% ကျဆင်းခဲ့သည်ဟု စင်ကာပူအစိုးရက မနေ့က အင်္ဂါနေ့ကပြောကြားခဲ့ပြီး မှတ်တမ်းတလျှောက် အဆိုးရွားဆုံးဖြစ်သည်ဟု ဘောဂဗေဒပညာရှင်များကဆိုသည်။
GDP သည်ပြီးခဲ့သည့် ပထမ quarter နှင့်ယှဉ်လျှင် ဒုတိယ quarter တွင် ၄၁.၂% ထိကျဆင်းခဲ့ပြီး ခန့်မှန်းထားသည်ထက်များစွာကျဆင်းသွားကြောင်း analysts များကဆိုသည်။
Quarters ၂ခု ဆက်တိုက် စီးပွါးရေးကျဆင်းခဲ့သောကြောင့် စင်ကာပူနိုင်ငံ Recession ဖြစ်ကြောင်း တရားဝင်သတ်မှတ်ခဲ့ကြသည်။
နောက်ဆုံး စီးပွါးရေးကျဆင်းရသည့်အကြောင်းရင်းမှာ အစိုးရချမှတ်လိုက်သော “circuit breaker” ကြောင့်ဖြစ်သည်။ “circuit breaker” ဆိုသည်မှာ ကိုရိုးနားဗိုင်းရပ်စ်ပျံ့ပွားမှု နိုင်ငံတွင်း ရုတ်တရက်မြင့်တက်လာသောကြောင့် ဧပြီလမှဂျွန်လအထိသတ်မှတ်သည့် စင်ကာပူ lockdown ဖြစ်သည်။
စီးပွါးရေးလုပ်ငန်းများစွာအပါအဝင် မဖြစ်မနေပေးရန် မလိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အလုပ်ရုံးခန်းများပိတ်ထားရန် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကြေငြာချက်ထုတ်ပြန်ထားသည်။
ဒုတိယ quarter တွင်စင်ကာပူ၏ စီးပွါးရေးတိုးတက်မှုနှုန်းသည်
• ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် ၂.၅% တိုးချဲ့နိုင်ခဲ့
• ယခင်နှစ်နှင့်ယှဉ်လျှင် ဆောက်လုပ်ရေးလုပ်ငန်းများ ၅၄.၇% ကျဆင်းခဲ့
• ဝန်ဆောင်မှုလုပ်ငန်းများ ၁၃.၆% စာချုပ်ချုပ်ဆိုခဲ့သည်။
အာဏာပိုင်များက ယခု recession သတင်းဆိုးအတွက် ကြိုတင်မျှော်လင့်ထားကြပြီး စီးပွါးရေးပြန်လည်နှိုးရန် စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။
“Recession တော့ဖြစ်သွားပြီ။ ဒါပေမဲ့ ဒါဟာခဏတာပါပဲ” လို့ HSBC ၏ဘောဂဗေဒ ပညာရှင်တဦးဖြစ်သူ Yun Liu ကဆိုသည်။
အချို့ကျွှမ်းကျင်သူများက အစိုးရမှ စီးပွါးရေးပြန်လည်တိုးတက်နလံထူလာဖို့ ဒေါ်လာ ဘီလျံပေါင်းများစွာ အသုံးပြုထားသောကြောင့် စင်ကာပူအတွက် အဆိုးဆုံးအခြေအနေကို ကျော်လွန်သွားတော့မည်ဟု ယုံကြည်ထားကြသည်။
ထိုကဲ့သို့ အကောင်းမြင်ရခြင်းအကြောင်းက GDP ၂၀% နီးပါးနဲ့ညီမျှသော အစိုးရ၏ စီးပွါးရေးပြန်လည်နိုးထအောင်ပြုလုပ်မည့် စီမံကိန်းတွေကြောင့်ဟု Capital Economics ၏ အာရှဘောဂဗေဒပညာရှင် Alex Holmes ကဆိုသည်။
စင်ကာပူတွင် ထုတ်ပြန်ကြေငြာခြင်းမပြုထားသည့် စီမံကိန်း ၄ ခုရှိနေပြီး တန်ဖိုးအားဖြင့် စုစုပေါင်း စင်ကာပူဒေါ်လာ ၁၀၀ ဘီလျံ (အမေရိကန် ဒေါ်လာ ၇၀.၄ ဘီလျံ) ရှိပြီး ကိုရိုးနားဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အထိခိုက်ခံခဲ့ရသည့် စီးပွါးရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။
Source: BBC, CNBC
Photo: