0

အရှေ့တောင်အာရှရဲ့ တိုးတက်နှုန်းမြင့်မားတဲ့ လုပ်ငန်းများ အပိုင်း (၁)

Share

အင်ဒိုနီးရှားက Sale Stock – Sorabel

အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ GDP အမြင့်ဆုံးနိုင်ငံဖြစ်ပြီး အခုဆိုရင် ကန်ဒေါ်လာ ၁.၁ ထရီလျံကျော်ကို ရောက်ရှိလာပါပြီ။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ အင်ဒိုနီးရှားက အင်တာနက်အသုံးပြု ရောင်းဝယ်ဖေါက်ကားရေးလုပ်ငန်းတွေဟာ သိသိသာသာ မြင့်မားလာပါတယ်။
Sale Stock ဟာ အဝတ်အထည်တွေကို ဈေးသက်သက်သာနဲ့ အွန်လိုင်းကနေ ရောင်းချနေတဲ့ အင်ဒိုနီးရှားက လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အစမှာတော့ Sorabel လို့နာမည်ပြောင်းပြီး လုပ်ငန်းပုံရိပ်ကိုမြှင့်တင်ဖို့ လုပ်ခဲ့ပါတယ်။
Sale Stock (Sorabel) ကို စတည်ထောင်ဖြစ်ခဲ့တဲ့သူတွေကတော့ Lingga Madu နဲ့ ဇနီးဖြစ်သူ Ariza Novianti တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက် Yogyakarta (ဗုဒ္ဓဘာသာ ရှေးဟောင်းဘုရားကျောင်းတွေရှိတဲ့မြို့) မှာ ကျောင်းတက်နေတုန်းတွေ့ကြရင်း ဒီအကြံကို စစဉ်းစားမိကြတာပါ။
Lingga Madu ကတော့ ဒီအကြံက သူ့ဇနီးဆီက လာတာပါလို့ဆိုပါတယ်။
ယိုဂျာကာတာ (Yogyakarta) က လူတွေရဲ့ လစာဝင်ငွေဟာ အင်ဒိုနီးရှားမှာရှိတဲ့မြို့တွေထဲက အနည်းဆုံးလို့ ပြောလို့ရတဲ့မြို့တမြို့ပါ။

ဒါပေမယ့် ဈေးကြီးပေးဝယ်ရတဲ့ ဖက်ရှင်တံဆိပ်တွေ၊ အဝတ်အစားတွေရောင်းတဲ့ ဆိုင်တွေတော့ နည်းနည်း ပါးပါးရှိပါတယ်။ လူအများစုကတော့ အဲ့ဒီ့ဈေးကြီးပေးရတဲ့ ဆိုင်တွေကနေဝယ်ဖို့ မတတ်နိုင်ကြဘူးပေါ့။
Madu နဲ့ သူ့အမျိုးသမီးဟာ သူတို့ အင်ဒိုနီးရှားသားတွေ ဈေးသက်သက်သာသာနဲ့ နောက်ဆုံးပေါ် အင်္ကျီဒီဇိုင်းတွေ ဝယ်ဝတ်နိုင်ဖို့ စဉ်းစားလာပါတယ်။
ဒီလိုလုပ်ဖို့ကလည်း မလွယ်ပါဘူး။ တကယ့်စွန့်စားမှုကြီးဖြစ်နေပါတယ်။
သူတို့ ဒီလိုဈေးပေါပေါနဲ့ရောင်းချနိုင်ဖို့ဆိုရင် Supplier လို့ခေါ်တဲ့ အဝတ်အစား လက်ကားပေးမယ့်သူတွေ၊ အထည်ချုပ်လုပ်ငန်းတွေထဲမှာမှ ဈေးကလည်း သက်သာရမယ်။

ဒီဇိုင်းတွေကလည်း ခေတ်နောက်မကျရဘူးဆိုတော့ တော်တော်လေးခက်ခဲနေပါတယ်။
ဒီလိုနဲ့ပဲ သူတို့ရဲ့ စိတ်ကူးထဲက Brand လေး Sale Stock ကို Madu ရဲ့ စတိုဂိုဒေါင်ထဲကနေ စခဲ့ကြပါတယ်။ ပထမတော့ အဝတ်တွေဝယ်ဖို့ မြို့တော် ဂျာကာတာ (Jakarta) ကို

တက်ရတယ်။ နောက်တော့ ထိုင်း၊ တရုတ်ပြည်အထိ အဝတ်တွေ လိုက်ဝယ်ခဲ့ကြပါတယ်။
၂၀၁၆ ရောက်တော့ Jeffrey Yuwono ဆိုသူနဲ့တွေ့ပြီး သူတို့နဲ့ ပေါင်းလုပ်ဖို့၊ လုပ်ငန်းက စလုပ်နေတုန်းပဲ ဆိုတော့ ကုမ္ပဏီကို ဦးဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
(၂၀၁၈ မှာ Jeffrey က လုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ် CEO အနေနဲ့ စတင် တာဝန်ယူခဲ့ပါတယ်။)

Lingga Madu, Ariza and Yuwono (Left to Right)

၂၀၁၇ မှာ Sale Stock ဟာ ရင်းနှီးမြှုပ်နှံငွေတွေ စတင်ရရှိလာပါတယ်။ တရားဝင်ဖေါ်ပြထားတာကတော့ ကန်ဒေါ်လာ ၂၇ သန်းဖြစ်ပါတယ်။
ဒီလို Investment ကိစ္စတွေအပြီးမှာ Jeffrey က စီအီးအိုအနေနဲ့ စပြီး တာဝန်ယူခဲ့တာပါ။
ပြီးတော့ Sale Stock ရဲ့ လုပ်ငန်း ပုံရိပ်နဲ့ ပက်သက်ပြီး ပြဿနာလေးတွေ ရှိလာခဲ့ပါတယ်။ အဲ့ဒါကတော့ ရောင်းနေရတဲ့ အထည်တွေကနေ အရည်အသွေး ဗြောက်သောက်ဖြစ်လာတာပါ။
တစ်ထည်ကတော့ ကောင်းတယ်၊ တခြားအထည်တွေကတော့ ဆိုးရွားလွန်းတယ်ဆိုတဲ့ မှတ်ချက်တွေ ဖေါက်သည်တွေကြားထဲ မြင့်တက်လာခဲ့ပြီး တည်ထောင်သူ ၃ ယောက်ဟာ ဒါနဲ့ ပက်သက်လို့ တခုခု အပြောင်းအလဲလုပ်ဖို့ လိုလာပြီဆိုတာ သိလာပါတယ်။
လုပ်ငန်း စကာစနှစ်တွေမှာ ဈေးသက်သာတဲ့ အထည်တွေကြောင့် ဝက်ဘ်ဆိုဒ်ပေါ်ကနေ လူတွေကို တော်တော်လေး ဆွဲဆောင်နိုင်ခဲ့ပါတယ်။ Yuwono ကတော့ “ကျွန်တော်တို့က အထည်တွေကို Suppliers (အထည်ထုတ်လုပ်သူတွေ) မျိုးစုံဆီက ယူတော့ အရည်အသွေးနဲ့ ပက်သက်ပြီး ၁၀၀% ထိန်းမထားနိုင်ခဲ့ဘူး။ အဲ့ဒါနဲ့ ၂၀၁၆ မှာ ကိုယ်ပိုင် အဝတ်တွေ၊ အထည်တွေ ထုတ်မယ်လို့ စဉ်းစားပြီး စက်ရုံတွေ၊ ဂိုထောင်ပိုင်ရှင်တွေနဲ့ ပူးပေါင်းဖို့ ထပ်ရှာရပါတယ်။ အရည်အသွေးကို အမြဲတန်း တန်းတစ်ခုမှာ ထိန်းထားနိုင်ဖို့ အဖွဲ့ဖွဲ့လိုက်တယ်။

အထည်စ ဖြတ်တာကစလို့ ကြယ်သီးတပ်တဲ့ အထိဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အင်ဒိုနီးရှား အများစုအတွက်ကတော့ ပိုက်ဆံ ထောင်နဲ့ သောင်းနဲ့ချီ အကုန်ခံပြီး အဝတ်တွေ ဝယ်ဝတ်ဖို့ ဆိုတာ ဇိမ်ခံတာတစ်ခုလိုဖြစ်နေတုန်းပါပဲ။
အဲ့ဒါကြောင့် Sale Stock က ထုတ်ကုန်တွေကို သူတို့ ကျေမှ ကျေနပ်ရလားလို့ အမြဲကြည့်နေရပါတယ်။
ကိုယ်ပိုင် Products (အင်္ကျီ၊ အဝတ်) တွေ ထုတ်လာနိုင်ခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၁၉ အတွင်း ဝင်ငွေက ၈ ဆ လောက်တက်သွားခဲ့ပါတယ်။
ကုမ္ပဏီရဲ့ အမြတ်အနေနဲ့ကတော့ ၆ ဆ (600%) အထိ တက်လာတာပါ။

ပြီးခဲ့တဲ့နှစ် အစမှာ Sale Stock ဟာ အမှတ်တံဆိပ် Brand ကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ Sorabel ဆိုပြီးတော့ပါ။ များသောအားဖြင့် ဒီလို Rebranding လုပ်ရင် အရမ်းစွန့်စားရပါတယ်။

Lingga Madu တို့ ၃ ယောက်ဟာ ကုမ္ပဏီကို ဈေးပေါပေါအထည်တွေပဲ ထုတ်တယ်ဆိုတဲ့ အမြင်ကို ပြောင်းချင်တာပါ။
ဒီလို အမှတ်တံဆိပ် အပြောင်းအလဲနဲ့ပက်သက်ပြီး အခက်အခဲတွေရှိခဲ့သလို ဝန်ထမ်း ရာဂဏန်းခန့် လျှော့ချခဲ့ရပါတယ်။
ဒါပေမယ့် သူတို့ အောင်မြင်ခဲ့ပါတယ်။

Sorabel ရဲ့ မူ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ “Try first then pay” ပါ။ အိမ်ကနေ အထည်ကို ကြိုက်လို့ ဝယ်ယူပြီး လာပို့ဖို့ မှာလိုက်တယ်ဆိုရင် ချက်ချင်း ပိုက်ဆံမပေးပါနဲ့ဦး။

စမ်းဝတ်ကြည့်လို့ ကြိုက်မှ ဝယ်လို့၊ ပေးလို့ ရပါတယ်။ အဲ့ဒါက အင်ဒိုနီးရှားမှာ အခြားပြိုင်ဘက်တွေထက် သာတဲ့ သူတို့ရဲ့ ဝန်ဆောင်မှုဖြစ်လာပါတယ်။

၂၀၁၈ ခုနှစ်မှာတင် သူတို့ရဲ့ E-commerce Platform (အွန်လိုင်း ဈေးရောင်းချ) Application ကို ဒေါင်းလုပ်ပြုလုပ်တဲ့အရေအတွက် ၁၀ သန်း ထပ်တိုးလာခဲ့ပါတယ်။

Sorabel ဟာ ဖိလစ်ပိုင်ဈေးကွက်ကိုလည်း Yabel နာမည်နဲ့ ၂၀၁၈ မှာ စတင်ဝင်ရောက်ခဲ့ပြီး ဖိလစ်ပိုင်မှာလည်း အင်ဒိုနီးရှားလို အလုပ်ဖြစ်လာဖို့မျှော်လင့်နေပါတယ်။
Sorabel ဆိုပြီး ဈေးကွက်အမှတ်တံဆိပ်ပြောင်းလဲရတာကလည်း သူတို့ကို ဈေးပေါတဲ့ အဝတ်တွေချည်းရောင်းတယ်လို့ မထင်စေချင်လို့ ဖြစ်ပြီး ခေတ်အမီဆုံး၊ အရည်အသွေးအကောင်းဆုံးတွေကိုလည်း ထုတ်လုပ်နိုင်တယ်လို့ မြင်စေချင်တာပါလို့ Yuwono က krAsia နဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

Rebranding လုပ်ပြီးတဲ့နောက်ပိုင်းမှာ အခွင့်အလမ်းအသစ်တွေအများကြီးတွေ့လာခဲ့ပြီး အင်တာနက် (Onlie Sale) သာမကပဲ Offline ဆိုင်ခွဲတွေဖွင့်တာနဲ့ ဆိုင်ခွဲတွေကနေအိမ်အရောက်ပို့တဲ့ ကိစ္စတွေကို ချဲ့ထွင်ဖို့ပါ ပြင်ဆင်လာကြပါတယ်။
ဖက်ရှင်အတွက် ရပ်တည်နေတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ Offline အပြင်က လက်လီဆိုင်ခွဲတွေ ဖွင့်ဖို့ အသင့်ဖြစ်နေပြီလို့ ထုတ်ပြန်ထားပါတယ်။
ပြီးတော့ Sorabel ဟာ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ထပ်ရှာနေပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်က တရားဝင်ဖေါ်ပြထားတဲ့ Investment ရရှိမှုကတော့ ကန်ဒေါ်လာ ၂၇ သန်းဖြ

စ်ပြီး ခု တစ်ခါရရှိလာမယ့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးတွေကိုတော့ အခြားနိုင်ငံဈေးကွက်တွေကို သွားဖို့နဲ့ ဆိုင်ခွဲတွေဖွင့်ဖို့ အတွက်လျာထားမှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Like & Share လုပ်ပေး၍ မျှဝေနိုင်ပါသည်။
Orio Economics

Source: Sorabel, Sale Stock, Trading Economics, KR Asia, Tech In Asia, e27, The Jakarta Post

%d bloggers like this: