အယ်လ်နီညို ရာသီဉတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုများနေချိန် ရုရှားက Black Sea ဒေသဆန်တင်ပို့မှု သဘောတူညီချက်မှ နှုတ်ထွက်လိုက်သေေကြာင့် အာရှစားနပ်ရိပ်က္ခာ ထောက်ပံ့မှုအပေါ်၌လည်း ဖိအားပိုများလာခဲ့သည်။ အဆိုပါ Black Sea ဒေသဆန်တင်ပို့မှု သဘောတူညီချက်မှာ ရုရှား-ယူကရိန်းကျူးကျော်စစ် မစတင်မီလပိုင်းအလိုတွင် UN နှင့် တူရကီတို့က စေ့စပ်ညှိနှိုင်းပေးခဲ့ကာ စပါးဈေးစံချိန်တင် မြင့်တက်မှု ဖြစ်ပေါ်ခဲ့သည်။ ဂျုံ၊ ပြောင်းနှင့် နေကြာဆီအဓိက တင်ပို့နေသည့် ယူကရိန်းက ထိုသဘောတူညီချက်၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အဆိုပါသဘောတူညီချက်မှ နှုတ်ထွက်ကြောင်း ရုရှားသမ္မတပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကကြောညာခဲ့ပြီး ရုရှားအနေဖြင့် နောက်ထပ်သက်တမ်းတိုးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်ထဲတွင် ယူကရိန်း၏ ဂျုံ၊ ပြောင်း၊ ဘာလီတင်ပို့မှု ၆၀% အထိရှိခဲ့ပြီး ကျူးကျော်စစ်နောက်ပိုင်း ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ သိသိသာသာ ကျဆင်းလာခဲ့သည်။
ရုရှားဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာဈေးကွက်တွင် ဂျုံနှင့် ပြောင်းဈေးများမြင့်တက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်အမြင့်ဆုံးဈေးထက် များစွာနိမ့်နေသေးသည်။ ရုရှားပို့ကုန်တိုးမြှင့်မှုသည် ကုန်ဈေးနှုန်းတည်ငြိမ်စေရန် အထောက်အပံ့ပေးသော်လည်း အနာဂတ်တွင်ကြုံတွေ့လာနိုင်ချေရှိသည့် အမေရိကန်မိုးခေါင်မှုနှင့် ယူကရိန်းဆည်ကျိုးပေါက်မှုတို့အပေါ် တဖြေးဖြေး အကျိုးသက်ရောက်မှုရှိလာနိုင်သည်ဟု ကျွမ်းကျင်သူများကမျှော်လင့်ထားကြသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi ကရုရှားနှုတ်ထွက်မှုအပေါ် ရှုံ့ချထားပြီး ဖွံဖြိုးဆဲနိုင်ငံများအတွက် အစားအသောက်ဈေးတည်ငြိမ်စေရန် ၎င်း၏အခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့သည်။ ဂျပန်ကဲ့သို့ အာရှနိုင်ငံများမှာ အမေရိကန်နှင့် သြစတြေးလျနိုင်ငံများထံမှ သွင်းကုန်များကို မှီခိုနေသောကြောင့် အနာဂတ်တွင် ရုရှားနှုတ်ထွက်သည့် အကျိုးကို သွယ်ဝိုက်ကာခံစားလာနိုင်ချေရှိသည်ဟုဆိုသည်။
ထို့အပြင် အယ်လ်နီညိုကဲ့သို့ ရာသီဉတုဖောက်ပြန်မှုကြောင့် အရှေ့တောင်အာရှနှင့် အိန္ဒိယတို့တွင်မိုးခေါင်ရေရှားမှုများ ကြုံတွေ့လာနိုင်ချေရှိနေသည်။ ဆန်အဓိကတင်ပို့နေသည့် ထိုင်းနိုင်ငံမှာလည်း မိုးရွာနှုန်းကျဆင်းခြင်းကြောင့် ဆန်ထုတ်လုပ်မှုကျဆင်းလျက်ရှိသည်။ ရှရှားဆန်တင်ပို့မှုသဘောတူညီချက်ရပ်ဆိုင်းခြင်းနှင့် အယ်လ်နီညိုတို့နှစ်မျိုးပေါင်းကာ အခြေအနေပိုဆိုးလာပါက အရှေ့အလယ်ပိုင်း၊ အာဖရိကမြောက်ပိုင်းတို့ပါ စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်နိုင်သည့် အန္တရာယ်များ ရှိလာနိုင်ဟု ၎င်းကပြောကြားခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Nikkei Asia, CNN, Reuters
Photo: Getty Images