ယခင်နှစ်နှင့်ယှဥ်လျှင် ဇွန်လ၌ ရုရှား၏ ကားရောင်းအားမှာ သိသိသာသာမြင့်တက်လာခဲ့ကာ ၂၀၂၂ ခုနှစ် ကျဆင်းနေခဲ့သော ရောင်းအားနှင့်ယှဉ်လျှင် ၁၅၁.၈% မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ယူကရိန်းစစ်ပွဲကြောင့် အနောက်နိုင်ငံများ၏ ဆန်ရှင်ပိတ်ဆို့ခံရခြင်း၊ ကားတင်သွင်းခွင့်၊ ရင်းနှီးမြှုပ်နှံမှုအားလုံးပိတ်ဆို့ခြင်း ဒဏ်များကြောင့် ရုရှားကားလောကမှာ ဆိုးဆိုးရွားရွားပျက်စီးနေခဲ့သည်။
ပြီးခဲ့သည့်နှစ်က ရုရှားဈေးကွက်အတွင်းမှ နိုင်ငံခြားကားထုတ်လုပ်သူများအားလုံးနီးပါး ထွက်ခွါသွားခြင်းကြောင့် ကားအသစ်ရောင်းအားမှာ ၅၉% ထိကျဆင်းခဲ့သည်။
ယခုနှစ်ရောင်းအားမှာ ၂၀၂၂ ဇွန်လ ရောင်းအား ၃၂,၇၃၁ နှင့်ယှဉ်လျှင် ဇွန်လတွင် ၈၂,၄၀၇ စီး၊ မေလတွင် ၇၂,၁၇၁ စီးအထိ တိုးတက်လာခဲ့သည်ဟု ပါတနာအကြံပေးကုမ္ပဏီ PPK ကဖော်ပြထားကြောင့်း Autostat ကဆိုသည်။ ရုရှား၏ Lada ကား ပြည်တွင်းဈေးကွက်ရှယ်ယာများလည်း ၂၀၂၂ ခုနှစ်တွင် ၂၀.၈% မှ ယခုနှစ်ဝက်၌ ၃၃.၅% အထိမြင့်တက်လာခဲ့ဲ့ည်ဟုဆိုသည်။ အစိုးရပိုင် Lada ကားထုတ်လုပ်သူ Avtovas ကဇွန်လ၌ ရောင်းအား ၄ ဆအထိခုန်တက်ခဲ့သည်ဟု ဆိုသည်။
အနောက်ကားကုမ္ပဏီများ ရုရှားဈေးကွက်မှ ထွက်ခွါသွားပြီးနောက် လစ်လပ်နေသည့် ယင်းနေရာများကို တရုတ်ကားကုမ္ပဏီများဖြစ်သည့် Havel, Chery နှင့် Geely တို့က ထိပ်ဆုံးမှနေရာယူထားကြသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: Getty Images