0

Supermarket မှပစ္စည်းများကို ဒရုန်းဖြင့် Delivery ပို့ပေးတော့မည့် Rouses Markets

Share

အမေရိကန် စားသောက်ကုန်စူပါမားကပ်ကြီး Rouses Markets သည် အမေရိကန် ဒရုန်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီဖြစ်သည့် Deuce Drone နှင့်ပူးပေါင်းကာ Mobile မြို့ Alabama ရှိ သူ၏စတိုးဆိုင်များမှ ပစ္စည်းများကို ဒရုန်းဖြင့်ပို့ဆောင်ပေးနိုင်တော့မည်ဖြစ်သည်။

Rouses နှင့် Deuce Drone တို့က ယခုဆောင်းဦးတွင် Airport Boulevard ရှိ Rouses Market ၌ pilot program အားအစမ်းလေ့ကျင့်မည်ဖြစ်သည်။

Deuce Drone ၏ CEO ဖြစ်သူ Rhett Roass က pilot program အောင်မြင်ခဲ့လျှင် နည်းပညာကုမ္ပဏီကြီးသည် Rouses တည်နေရာတလျှောက် ဝန်ဆောင်မှုများဆက်လက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Rouses သည်အမေရိကန်တောင်ဖက်တွင် စတိုးဆိုင်ပေါင် ၆၄ ဆိုင်ဖွင့်လှစ်ထားသည်။

ကျွန်တော်တို့ရဲ့ ပထမဆုံးနည်းပညာသုံးပို့ဆောင်ရေးကို ယခုလကုန်ပိုင်းမှာအပြီးသတ်လေ့ကျင့်မှာဖြစ်ပြီး စားသောက်ကုန်ပစ္စည်းရော အိမ်သုံးပစ္စည်းတွေပါအစမ်းပို့ဆောင်မှုတွေလည်းပါဝင်တယ် လို့ Ross ကဆိုသည်။

Rouses ကအွန်လိုင်းအမှာစာများနှင့် delivery ပို့ဆောင်မှုများကို စမ်းသပ်နေပြီး မှာယူသည့်အချိန် တစ်နာရီအတွင်းပို့ဆောင်ပေးနိုင်ရန် ကြိုးပမ်းနေသည်။ အချို့စတိုးဆိုင်များတွင် ပိုမိုတီထွင်ဖန်တီးအားကောင်းသည့် နည်းလမ်းများကို ရှာဖွေနေကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒရုန်း delivery ဟာ အလျင်မြန်ဆုံးနဲ့ လုံခြုံမှုအရှိဆုံးနည်းလမ်းတခုဖြစ်ပါတယ်။ ကျွန်တော်တို့ Customers တွေဆီ နာရီဝက်လောက်နဲ့ အမြန်ဆုံး အွန်လိုင်းအမှာစာပစ္စည်းတွေပို့ပေးနိုင်အောင် ကြိုးစားနေပါတယ်။ ပြီးတော့ Customers တွေဘက်ကလဲ အချိန်နဲ့ ကုန်ကျစရိတ်လည်းသက်သာစေမှာဖြစ်ပါတယ်”ဟု Rouses Market ၏ CEO Donny Rouse ကဆိုသည်။

Deuce Drone ကတော့ Amazon ကိုအပြတ်အသတ်ယှဉ်ပြိုင်နိုင်ပြီး ကုန်ကျစရိတ်အလွန်သက်သာစေတဲ့ နည်းလမ်းဖြစ်တာကြောင့် “လက်လီအရောင်းသမားတိုင်းရဲ့အိမ်မက်” ဟုတင်စားထားသည်။

ပြီးခဲ့သည့်နှစ်တွင် ပို့ဆောင်ရေးကုမ္ပဏီကြီးများဖြစ်သည့် Walgreens မှအစ FedEx အထိ ဒရုန်းကုမ္ပဏီများဖြင့် မိတ်ဖက်စာချုပ်ချုပ်ဆိုခဲ့ကြပြီး အချို့ဒရုန်းဆားဗစ်ကုမ္ပဏီများက ကိုဗစ်ကာလအတွက် ပြည်သူများကို အိမ်ထဲ ၌ တတ်နိုင်သမျှနေစေရန်နှင့် အထိအတွေ့မရှိသော contactless delivery များအတွက်ဆောင်ရွက်လျက်ရှိသည်။

Source: Fox Business, Rouses Markets (Wiki)
Photo: Winsight Grocery Business

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: