Supply တက်သောကြောင့် Rolex, Patek နာရီဈေးများကျဆင်းလာဖွယ်ရှိ

Share

Supply မြင့်တက်နေသည့်အတွက် Rolex၊ Patek Philippe နှင့် Audemars Piguet နာရီစျေးနှုန်းများသည် ဆက်လက်ကျဆင်းဖွယ်ရှိနေသည်ဟု Morgan Stanley နှင့် WatchCharts တို့၏ အစီရင်ခံစာက ဖော်ပြနေသည်။ တစ်ပတ်ရစ်နာရီများ၏ ဈေးကွက် အနည်းငယ် ကျဆင်းသွားသော်လည်း လှောင်ထားသည့်ပစ္စည်းပမာဏက မြင့်တက်နေဆဲဖြစ်သည်။

ပြီးခဲ့သောနှစ်က ဇိမ်ခံနာရီများ ၀ယ်လိုအား မြင့်တက်လာခဲ့သော်လည်း cryptocurrencies နှင့် ကမ္ဘာ့စီးပွါးရေးမတည်ငြိမ်ခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင်အခြေအနေများ ပြောင်းလဲသွားခဲ့ကာ ဈေးကွက်ထိပ်တန်း brand ၁၀ ခု၏ အရောင်းရဆုံးနာရီ ၆၀ ဈေးမှာ ပထမနှစ်ဝက်အတွင်း ၅% ထိုးကျသွားခဲ့သည်။

ထိပ်တန်း brand နာရီအချို့က ရှားပါးဈေးကွက်ကိုစောင့်၍ ပစ္စည်းသိုလှောင်ထားသောကြောင့် ၎င်းတို့၏ လက်လီစျေးနှုန်းများထက် ဈေးပိုတက်ကာ အရောင်းအဝယ်ပြုလုပ်နေဆဲဖြစ်သည်။ သို့သော်လည်း လက်လီဈေးထက် သက်သက်သာသာ အရောင်းအဝယ်ဖြစ်နေသော အရေအတွက်က ပိုများသောကြောင့် စတိုးဆိုင်လက်လီဈေးနှုန်းက မြင့်တက်ပြီး တစ်ပတ်ရစ်နာရီဈေးများက ကျဆင်းလျက်ရှိသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg Market Watch
Photo: Getty Images

%d bloggers like this: