ယူကေဝန်ကြီးချုပ်အသစ် Rishi Sunak သည်အင်္ဂလန်ရှိ ကျောင်းသူ ကျောင်းသားများ အသက် ၁၈ နှစ်အထိ သင်္ချာမသင်မနေရဘာသာအဖြစ် လေ့လာရန် ဒေါင်းနင်းလမ်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း အဆိုပြုခဲ့သည်။ ထိုအဆိုပြုချက်သည် ကျောင်းသားငယ်များအတွက် သင်္ချာဗဟုသုတပိုမိုအားကောင်းရန်၊ လုပ်ငန်းခွင်၌ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်စေရန်အတွက်ဖြစ်သည်ဟုဆိုသည်။
Sunak ၏ပညာရေးအဆိုပြုချက်သည် အင်္ဂလန်ကျောင်းသားများအပေါ်သာ သက်ရောက်မည်ဖြစ်ပြီး၊ ကိုယ်ပိုင်ပညာရေးစနစ်ရှိသည့် စကော့တလန်၊ မြောက်အိုင်ယာလန်နှင့် ဝက်ရှ်နိုင်ငံများတော့ မပါဝင်ပေ။
အင်္ဂလန်ပညာရေးသည် အသက် ၁၆ နှစ်အထိ မသင်မနေရ စာသင်ကျောင်းအခြေပြုပညာရေးစနစ်ဖြစ်ပြီး၊ ၁၆ နှစ်ကျော်လွန်ပါက A-Levels (သို့မဟုတ်) vocational training စသည့်ရွေးချယ်စရာပညာရေးစနစ်များရှိသည်။
ယူကေသည် လက်ရှိဆောင်းရာသီကာလတွင် အလုပ်သမားများ အစုလိုက်အပြုံလိုက် သပိတ်မှောက်မှု၊ ကာလရှည် စီးပွားရေးကျဆင်းခြင်း၊ နိုင်ငံ့ကျန်းမာရေးစနစ် (National Health Service) အပေါ်မကြုံစဖူး ဖိအားများကျရောက်ခြင်း၊ လူနေမှုကုန်ကျစရိတ်မြင့်တက်ခြင်း စသည့် ဖိအားများစွာနှင့်ကြုံတွေ့နေရပြီး ၊ ယင်းအခက်အခဲများ ရင်ဆိုင်နေရချိန်တွင် အဆိုပါပညာရေးအဆိုပြုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: The Guardian, The Independent UK, CNBC
Photo: CNBC