0

Renault ကအကြပ်အတည်းမှပြန်နိုးထမည့်အစီအစဉ်အတိုင်း ပြင်သစ်ကားစက်ရုံများကို ပြန်လည်ဖွဲ့စည်းမည်

Share

ကားထုတ်သူ Renault သည် ပြင်သစ် ကားစက်ရုံအချို့ကို ပြန်လည်ဖွဲ့စည်းရန် သမဂ္ဂများဖြင့် ဆွေးနွေးနေကြောင်း ပြီးခဲ့သည့် သောကြာနေ့က ပြောကြားခဲ့သည်။ Renault သည် ကားရောင်းအားများ ထိုးကျခဲ့ခြင်းကြောင့် ကမ္ဘာ့တဝှမ်းတွင်ရှိသော အလုပ်အကိုင်ပေါင်း ၁၅,၀၀၀ လျှော့ချပြီး အချို့စက်ရုံများကို ပိတ်ထားမည်ဟုဆိုသည်။

ကိုရိုးနားဗိုင်းရပ်စ်ကြောင့် ကား ဈေးကွက် ဝယ်လိုအား ကျဆင်းခဲ့ပြီး ကုမ္ပဏီအတွက် အမြတ်အစွန်းများစွာ ရှာဖွေပေးနေသည့် ကား မော်ဒယ် ထုတ်လုပ်မှုများလည်း ကျဆင်းခဲ့တာကြောင့် Renault အနေဖြင့် လာမည့် ၃နှစ်တာ ကာလအတွင်း ယူရို ၂ ဘီလျံ (အမေရိကန် ဒေါ်လာ ၂.၂၂ ဘီလျံ) စုဆောင်းရှာဖွေထားရန် လိုအပ်နေသည်။

လုပ်ငန်းပြန်လည်ဖွဲ့စည်းခြင်းတွင် အလုပ်အကိုင်များ ဖြတ်တောက်ခြင်းနှင့် အလုပ်အကိုင်ပြောင်းရွှေ့ခြင်းများ ပါဝင်ပြီး ယင်းက global workforce ၏ ၁၀% ခန့် သက်ရောက်ကာ ယူရို ၁.၂ ဘီလျံကုန်ကျမည်ဖြစ်သည်။

Renault လုပ်ငန်းစုသည် ပြင်သစ်အစိုးရမှ ၁၅ % ပိုင်ဆိုင်ထားပြီး လျှပ်စစ်ကား မော်ဒယ် Zoe အား ထုတ်လုပ်လျက်ရှိသော ပဲရစ်မြို့အနီးရှိ Flins ရှိ စက်ရုံအချို့ကိုပင် ကားထုတ်လုပ်မှု ရပ်ဆိုင်း ထားမည်ဟုဆိုသည်။

ကားအစိတ်အပိုင်းထုတ်လုပ်သော စက်ရုံများ အပါအဝင် လုပ်ငန်းဆိုက် ၆ နေရာအား ရပ်ဆိုင်းရန် သင့်မသင့် စဉ်းစားလျက်ရှိသည်။ Renault သည် သူ၏ ဂျပန် လုပ်ငန်းပါတနာဖြစ်သော Nissan ကဲ့သို့ပင် ကိုရိုးနားဗိုင်းရပ်စ်ရောဂါကြောင့် စီးပွားရေး ကြပ်တည်းမှုနှင့် ဖိအားများ ရင်ဆိုင်နေရပြီး ဆယ်စုနှစ်အတွင်း ပထမဆုံး အရှုံးပေါ်မှုကို ၂၀၁၉ တွင် စတင်ခံစားခဲ့ရသည်။

အခြားသူများကဲ့သို့ ဝင်ငွေကျဆင်းမှုကို ကယ်တင်ရန် ဈေးကွက် trend ပြောင်းလဲမှုပေါ်လိုက်၍ ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေလျက်ရှိသည်။
Renault သည် သူ၏ အင်ဂျင်နီယာလုပ်ငန်းများတွင် အလုပ်အကိုင်နှင့် subcontractors များလျှော့ချခြင်း၊ အသုံးစရိတ်များ ဖြတ်တောက်ခြင်း၊ ရိုမေးနီးယားနှင့် မိုရိုကိုတို့တွင် စက်ရုံတိုးချဲ့မှု ရပ်ဆိုင်းထားခြင်း နှင့် ကမ္ဘာတဝှမ်းတွင် gearbox ထုတ်လုပ်မှုလျှော့ချထားခြင်းတို့ကြောင့် လုပ်ငန်း၏ ကုန်ကျမှု စရိတ်များကို အနည်းငယ် လျှော့ချနိုင်ခဲ့သည်ဟုဆိုသည်။

ကုမ္ပဏီသည် ကမ္ဘာတဝှမ်း ကားထုတ်လုပ်မှု အစီးရေ ၄ သန်းမှ ၂၀၂၄ တွင် အစီးရေ ၃.၃ သန်းထိ လျှော့ချရန် စီစဉ်ထားပြီး ဗန်ကားငယ်များနှင့် လျှပ်စစ်ကား ထုတ်လုပ်မှုအပေါ်တွင်သာ ပိုအာရုံစိုက်မည် ဖြစ်ကြောင်း သိရှိရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: REUTERS
Image: Getty Images

%d bloggers like this: