Elon Musk ကုမ္ပဏီ၏ Starlink ဂြိုဟ်တုနက်ဝက်ကို အသုံးပြုကာ ယူကရိန်း က ရုရှားစစ်သင်္ဘောများကို တိုက်ခိုက်ရန် ကြိုးပမ်းမှုအား ကာကွယ်လိုက်ကြောင်း သိရှိပြီးနောက် ရုရှားသမ္မတ Vladimir Putin က Elon Musk အားအလွန်ထူးချွန်သူဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့က Conference ပွဲတစ်ခု၌ ချီးမွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ယူကရိန်းက ရုရှားစစ်သင်္ဘောများကို တိုက်ခိုက်ရန် ခရိုင်မီးယား ဆိပ်ကမ်းမြို့ Sevastopol ရှိ Starlink network အား ဖွင့်ပေးရန် ယူကရိန်း၏ အရေးပေါ်တောင်းဆိုမှုကို Elon Musk ကငြင်းဆန်ခဲ့ကြောင်း ၄င်း၏ ဆိုရှယ်မီဒီယာ X ပေါ်၌ ရေးသားခဲ့ပြီးနောက် Putin ၏ချီးမွမ်းခန်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
Musk ခွင့်ပြုချက်ပေးလိုက်လျှင် SpaceX က ကမ္ဘာ့ စစ်မီးတောက်နှင့် ပဋိပက္ခများကြား တိုက်ရိုက်ပတ်သက်နေမည်ဖြစ်သောကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု Elon Musk ကဆိုသည်။
ရုရှားသည် ယူကရိန်း၏ ခရိုင်မီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ယူကရိန်းကိုလည်း ယမန်နှစ် ဖေဖော်ဝါရီလက ကျူးကျော်ဝင်ရောက်ခဲ့သည်။
SpaceX သည် US အစိုးရ၏ ထောက်ပံ့မှု ရရှိနေသည်ကို နားလည်ထားသော်လည်း ရုရှားအနေဖြင့် အာကာသကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူအနေဖြင့် ပါဝင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက Luna-25 မစ်ရှင် မအောင်မြင်ပဲ ကျရှုံးမှုရှိခဲ့သော်လည်း ရုရှားနိုင်ငံ၏ လကမ္ဘာစူးစမ်းရှာဖွေရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ကတိပြုခဲ့သည်။
NASA သည် SpaceX ဒုံးပျံများ အသုံးပြု၍ နိုင်ငံတကာ အာကာသစခန်း (ISS) သို့ လူများပို့ဆောင်ခြင်း၊ အာကာသယာဉ်မှူးများ လပေါ်သို့ ပို့ဆောင်ရေးတို့တွင် Musk ၏ ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။
သြဂုတ်လက ရုရှား၏ စစ်ရုပ်အာကာသယာဉ်သည် လ ၏ တောင်ဝင်ရိုးစွန်းသို့ချည်းကပ်ရာ မအောင်မြင်ပဲ ပျက်ကျခဲ့ချိန်သော်လည်း အိန္ဒိယက အောင်မြင်စွာဆင်းသက်နိုင်သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ယင်းအောင်မြင်မှုသည် မော်စကို၏ လပေါ်သို့ ဆင်းသက်နိုင်သည့် ဆိုဗီယက်အောင်မြင်မှုရရှိပြီး နှစ်ပေါင်း ၅၀ အကြာတွင် အိန္ဒိယ၏ အကြီးကျယ်ဆုံးအောင်မြင်မှုလည်းဖြစ်သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg
Photo: Getty Images