ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ၏ အမှတ်တရစာအုပ် “Spare” သည် အင်္ဂါနေ့က တရားဝင်ထွက်ရှိခဲ့ပြီး (စာအုပ်၊ e-book နှင့် အသံဖိုင် အပါအဝင်) အုပ်ရေ ၄ သိန်းထိရောင်းချနိုင်ခဲ့ကာ U.K တွင် ရောင်းအားအမြန်ဆုံး non-fiction စာအုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ထုတ်ဝေသူ Transworld Penguin Random Houses ကပြောကြားခဲ့သည်။
Spare သည် ဘာသာ ၁၆ မျိုးဖြင့်ထုတ်ဝေထားပြီး Amazon ၌ U.K ၊ U.S ၊ ဂျာမနီ ၊ ပြင်သစ် ၊ အီတလီ၊ စပိန်၊ သြစတြေးလျ နှင့် ဆော်ဒီအာရေးဗျ အပါအဝင် တစ်ကမ္ဘာလုံး best-seller မှတ်တမ်းဝင်ထားသည်။
“Spare” သည်ဟယ်ရီ၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ပြီး မင်းသား၏ ကိုယ်ရေးကိုယ်တာရုန်းကန်ခဲ့ရမှုများ၊ အသက် ၁၂ အရွယ်တွင် မိခင်ဆုံးရှုံးခဲ့ရပုံ၊ အစ်ကိုဖြစ်သူ မင်းသား ဝီလီယံ၊ ဖခင် ချားလ်စ်ဘုရင် III ၊ မိထွေး ကယ်မီလာတို့အပါအဝင် တော်ဝင်မိသားစုအတွင်း ဖြစ်ပျက်ခဲ့သည့် ပြဿနာများ စသည့်အကြောင်းအရာများ အသေးစိတ်ပါဝင်သည်။
ဟယ်ရီသည်စာအုပ်မထုတ်ဝေမီ အင်တာဗျူးများစွာပြုလုပ်ခဲ့သေးသည်။ တော်ဝင်မိသားစုကတော့ မင်းသား၏အင်တာဗျူး၊ စာအုပ်နှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ ထွက်ပေါ်မလာသေးပေ။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC
Photo: