0

ရှားပါး Patek Philippe နာရီအား ဒေါ်လာ၅.၈သန်းဖြင့် စံချိန်တင်ရောင်းချ

Share

ဟောင်ကောင်၌ ရှားပါး Patek Philippe နာရီအား အမေရိကန်ဒေါ်လာ ၅.၈ သန်းဖြင့်ရောင်းချခဲ့ပြီး အွန်လိုင်းလေလံထဲတွင် ဈေးအမြင့်ဆုံးပေးသည့် နာရီတစ်လုံးဖြစ်လာခဲ့သည်။

မူလကနဦး ၂၀၁၅ ခုနှစ်တွင် ဂျီနီဗာ၌ ရောင်းချခဲ့သည့် “Sky Moon Tourbillon” နာရီသည် လက်လုပ် အပြာရောင် နာရီလက်တံ၊ လက်ဖြင့်ထွင်းထားသည့် ရွေဖြူဒိုင်ခွက်တို့ဖြင့်ပြုလုပ်ထားသည်။

cryptocurrency ဈေးကွက်ကျဆင်းခြင်း၊ ရုတ်တရက် ဘဏ်များပြိုလဲခြင်း၊ မကြာသေးမီက Credit Suisse Group ဘဏ်ကြီးအား UBS ကအရေးပေါ်လွှဲပြောင်းရယူခဲ့ခြင်း စသည့် မထင်မှတ်ထားသည့် ဘဏ္ဍာရေးဈေးကွက်ပြိုလဲသည့်သတင်းများဖြစ်ပေါ်ပြီးနောက် အဆိုပါစံချိန်တင် ရောင်းဝယ်ခြင်းကိစ္စဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Reference: WATCHPRO, SCMP, BLOOMBERG
Photo: Christie

 

%d bloggers like this: