0

Work-from-home စနစ်ကြောင့် ရုံးဝတ်စုံနှင့် Suits အရောင်းဆိုင်များစွာ ပိတ်သိမ်း

Share

Work-from-home စနစ်သစ်အား ကျယ်ပြန့်စွာကျင့်သုံးခဲ့ခြင်းက ရုံးဝတ် (office clothing) အဝတ်အထည်ဆိုင်တို့ကို အခက်အခဲဖြစ်စေခဲ့ပြီး လက်လီအရောင်းဆိုင်များစွာပိတ်သိမ်းခဲ့ရသည်။

ကိုရိုးနားဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရုံးဝတ် အဝတ်အထည် ဝယ်လိုအား သိသိသာသာကျဆင်းခဲ့တာကြောင့် သက်တမ်း ၂၀၂ နှစ်ရှိ အမေရိကန်သမ္မတ အယောက် ၄၀ က ဝတ်ဆင်ခဲ့ရသည့် အမျိုးသားဝတ် အဝတ်အထည်လုပ်ငန်းကြီး Brooks Brothers ကဒေဝါလီခံရန် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အဆိုတင်သွင်းခဲ့သည်။

Ann Taylor နှင့် Lane Bryant ချိန်းအား ပိုင်ဆိုင်သော Ascena Retail Group ကလည်း ရုံးဝတ် အဝတ်အထည်များအပါအဝင် Suits ဝယ်လိုအားကျဆင်းလာပြီး စီးပွားရေးကြပ်တည်းမှုကြောင့် ဖြစ်နိုင်ချေရှိသော နည်းလမ်းများအသုံးပြု၍ လုပ်ငန်းအားကယ်တင်မည့်အကြောင်း Bloomberg သတင်းဌာနအားပြောကြားခဲ့သည်။ Adcena သည် အမေရိကန်၊ ကနေဒါနှင့် ပါတိုရီကို စသည့်နိုင်ငံများရှိ စတိုးဆိုင် ၁၂၀၀ အားပိတ်သိမ်းရန်ရှိစီစဉ်လျက်ရှိသည်။

အဆိုပါပြဿနာများက ယောက်ျားဝတ်အပ်ချုပ်လုပ်ငန်းကြီး Men’s Wearhouse ကိုပါ ခြိမ်းခြောက်လာခဲ့သည်။ အမျိုးသား ၁၀ သန်းကျော်သည် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး သန်းပေါင်းများစွာသော အမျိုးသားတို့က work-from-home စနစ်ဖြင့် အိမ်ကသာ အလုပ်လုပ်ကြသောကြောင့် suits ဝတ်စုံနှင့် ဘောင်းဘီဝယ်လိုအားကျဆင်းခဲ့သည်။ Men’s Wearhouse အားပိုင်ဆိုင်သည့် Tailored Brands (TLRD) သည်နောက်ထပ်ဒေဝါလီခံရန်နီးစပ်နေသည့် အပ်ချုပ်လုပ်ငန်းကြီးဖြစ်နေသည်။

ပြီးခဲ့သည့်နှစ်တွင် Goldman Sachs က ဝန်ထမ်းများသည် ရုံးဝတ်စုံ ဝတ်ဆင်မှုကျဆင်းလာလိမ့်မည်ဟု ကြေညာခဲ့ဖူးသည်။
အရောင်းဆိုင်ဝန်ထမ်းတဦးက သူမ၏အကျီၤဆိုင်တွင် အမျိုးသား customers များသည် ရှပ်အကျီၤကိုသာ ပိုမိုရှာဖွေကြကြောင်း ဘောင်းဘီတော့မပါဝင်ကြောင်း၊ အမျိုးသမီးများမှာ ဝတ်စုံအစား ဗီဒီယိုကောလ် ခေါ်ရာတွင် သူတို့၏ ပုံရိပ်ပိုမိုတင့်တယ်စေမည့် လည်ဆွဲ၊ နားကပ်နှင့် ဆံထိုးများကိုသာ ပိုမိုဝယ်ယူလာကြကြောင်း သူမကဆိုသည်။

Source: BBC Business
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: