နယူးဇီလန်နိုင်ငံ၏ ဝန်ကြီးချုပ် Jacinda Ardern သည် ရွေးကောက်ပွဲထပ်မံဝင်ပြိုင်တော့မည်မဟုတ်ပဲ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရာထူးမှအနားယူတော့မည်ဖြစ်ကြောင်း ယနေ့ကြာသပတေးနေ့က ကြေညာခဲ့သည်။
ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ငါးနှစ်ခွဲ ရာထူးသက်တမ်းသည် အလွန်ခက်ခဲသော ကာလများဖြစ်ခဲ့ကြောင်း အသက် ၄၂ နှစ်အရွယ် Ardern ကဆိုသည်။
သူမသည် ၁၈၅၆ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၁၆၁ နှစ်အတွင်း နယူးဇီလန်နိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေးစင်မြင့်ထက်တွင် ရေပန်းစားခဲ့သူတစ်ဦးလည်းဖြစ်သည်။
Source: CNA, CNBC
Photo: AFP