နီပေါနိုင်ငံ၏ အကြီးဆုံးဘဏ်ဖြစ်သည့် Global IME Bank ကြီးသည် World Bank Group အဖွဲ့ဝင် နိုင်ငံတကာဘဏ္ဏာရေးကော်ပရေးရှင်း (IFC) ထံမှ အမေရိကန်ဒေါ်လာ ၅၆ သန်းချေးငွေလျှောက်ထားကြောင်းသိရှိရသည်။ အမေရိကန်ဒေါ်လာဖြင့်သာချပေးမည့် ၃ နှစ်သက်တမ်းချေးငွေအား နီပေါရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းငယ်များအတွက် သုံးစွဲသွားမည်ဟု IFC ကဆိုသည်။ ထိုချေးငွေသည် နိုင်ငံတွင်း ငွေကြေးလိုအပ်ချက်ပြဿနာနှင့် အခက်အခဲများစွာရင်ဆိုင်နေရသည့် SMEs များ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် အကောင်အထည်ေဖာ်နေသည့် စီမံချက်တစ်ခုဖြစ်သည်ဟု ဆိုသည်။
IFC (International Finance Corporation) သည်နီပေါနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအား တိုးတက်စေရန် ဆယ်စုနှစ် ၂ ခုကြာ တစိုက်မတ်မတ် ပံ့ပိုးပေးလျက်ရှိသည်။ World Bank Group အောက်ရှိ IFC ၏ရည်ရွယ်ချက်မှာ ဖွံဖြိုးဆဲနိုင်ငံများကြား အလွန်အမင်းဆင်းရဲမွဲတေမှုပပျောက်ရေးနှင့် ကြွယ်ဝချမ်းသာမှု မျှတစွာခွဲဝေေပးရေးဖြစ်သည်။ ထိုရည်ရွယ်ချက်ဖြင့် SMEs လုပ်ငန်းများစွာကို ချေးငွေများချထားပေးလျက်ရှိပြီး ထိုမှတဆင့် ဆန်းသစ်တီထွင်မှု၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် နိုင်ငံ၏စီးပွါးရေးလုပ်ဆောင်ချက်များကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Nikkei Asia
Photo: Getty Images