0

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှဘဏ်တိုးနှုန်းများထပ်မံလျှော့ချ ။

Share

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မတ်လ ၂၄ ရက် ရက်စွဲဖြင့် အပ်ငွေဘဏ်တိုးနှုန်းနှင့် ချေးငွေဘဏ်တိုးနှုန်းများကို ထပ်မံလျှော့ချကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ နိုင်ငံ၏ စီးပွားဖွံဖြိုးမှုကို ပိုမိုလျှင်မြန်စေရန် မတ်လ ၁၆ ရက်နေ့က ဘဏ်တိုးနှုန်းများအား ၁၀% မှ ၉.၅% သို့လျှော့ချပေးခဲ့ရာမှ ယခုအခါထပ်မံ၍ ၉.၅% မှ ၈.၅% သို့ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခဲ့သည်။ အဆိုပါ ပြောင်းလဲပြင်ဆင်ထားသည့် နှုန်းထားများသည် ၂၀၂၀ ခုနှစ် ဧပြီ (၁) ရက်နေ့မှစတင်ကာ အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်သည်။

ယခင်က လျှော့ချပေးသော ဝ.၅% သည် အလွန်နည်းသော နှုန်းဖြစ်သည့် အတွက် စီးပွားရေးတိုးတက်မှုအပေါ်သက်ရောက်မှု ကြီးကြီးမားမားမရှိနိုင်ဟု ဝေဖန်မှုများရှိသော်လည်း ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာသော ဗဟိုဘဏ်၏ လုပ်ဆောင်မှုကို အသိအမှတ်ပြု ကြိုဆိုလျက်ရှိကြသည်။

ယခုအခါ ထပ်မံ၍ အတိုးနှုန်းများလျှော့ချလိုက်ခြင်းကြောင့် ယခင်ကထက် စီးပွားရေး ပိုမိုတိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားကြပြီး လက်တလောဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးရိုက်ခတ်မှုများကို ကောင်းသော အကျိုးသက်ရောက်စေမည်ဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံတွင် ရပ်တန့်သွားသည့် စီးပွားရေး လုပ်ငန်းများနှင့် အလုပ်လက်မဲ့များကို အကာအကွယ်ပေးရန် အမေရိကန် Federal Reserve မှ အတိုးနှုန်း Zero အဖြစ်ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။ ထို့အပြင် နိုင်ငံကြီးအချို့တွင်လဲ စီးပွားရေးရိုက်ခတ်မှုများကို တတ်နိုင်သမျှ အကာအကွယ်ပေးနိုင်ရန် အခွန်လျှော့ကောက်ခြင်း၊ အတိုးနှုန်းများအား ရပ်ဆိုင်းထားခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

Source: Central Bank of Myanmar (cbm.gov.mm)

%d bloggers like this: