အခွန်သက်သာခွင့်ကြောင့် Tesla Model 3 က တိုယိုတာ Camry ထက်ဈေးသက်သာနေ

Share

Tesla က ဘက်ထရီ supply chain အားလုံးကို အမေရိကန် ဖက်ဒရယ် အစိုးရ၏ အခွန်သက်သာခွင့် ရရှိအောင် ချိန်ညှိစီမံနိုင်ခဲ့သည့်အတွက် Tesla Model 3 ကားဈေးမှာ တိုယိုတာ Camry ဈေးထက်ပင်သက်သာလာခဲ့သည်။ ဘိုင်ဲဒန်အစိုးရက EV ကား ဘက်ထရီနှင့် ပတ်သက်သည့် စည်းမျဉ်းအသစ်ကို ဧပြီလက ပြဌာန်းခဲ့ပြီး စည်းမျဉ်းနှင့်အညီထုတ်လုပ်နိုင်သူများအား အခွန်သက်သာခွင့်နှင့် ခံစားခွင့်များ ချထားပေးလျက်ရှိသည်။

အမေရိကန်ဒေါ်လာ ၄၀,၂၄၀ ရှိသည့် Model 3 ကားဈေးမှာ ဖက်ဒရယ်အခွန်သက်သာခွင့်ရရှိပြီးနောက် ဒေါ်လာ ၂၅,၂၄၀ အထိကျဆင်းသွားခဲ့သည်။ တိုယိုတာ Carmy ဈေးမှာ ဒေါ်လာ ၂၆,၃၂၀ နှင့်အထက်ရှိသည်။

Panasonic Holdings ကလည်း Tesla နှင့် တွဲဖက်၍ EV ဘက်ထရီများကို Nevada စက်ရုံတွင်တိုးချဲ့ထုတ်လုပ်သွားမည်ဟုဆိုသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: Marketwatch

%d bloggers like this: