0

McDonald ကအမေရိကားတွင် ဝန်ထမ်း၂သိန်း၆သောင်းခေါ်ယူနေ

Share

McDonald ကအမေရိကားရှိ သူ၏စားသောက်ဆိုင်လုပ်ငန်းများ ယခုနွေရာသီတွင် ပုံမှန်ပြန်လည်ပတ်တော့မည်ဖြစ်ပြီး ဝန်ထမ်း ၂၆၀၀၀၀ ခန့်ထားရန်ရှိနေသည်။

ကိုရိုးနားဗိုင်းရပ်စ်ရောဂါကြောင့် စားသောက်ဆိုင်များအားလုံးယာယီ ပိတ်ထားခဲ့ရာမှ ယခင်ပုံမှန်အခြေအနေအတိုင်း ဆိုင်များပြန်လည် ဖွင့်လှစ်လည်ပတ်တော့မည့်အတွက် ယခုကဲ့သို့ဝန်ထမ်းပေါင်းများစွာကို စတင်ခေါ်ယူနေခြင်းဖြစ်သည်။ ခေါ်ယူနေသောလစ်လပ်နေရာများမှာ အချိန်ပိုင်းနှင့်အချိန်ပြည့် အလုပ်နှစ်မျိုးစလုံးပါဝင်သည်။ လက်ရှိအမေရိကားတွင် McDonald က ဝန်ထမ်းပေါင်း ၈ သိန်းခွဲအလုပ်ခန့်ထားသည်။

စားသောက်ဆိုင်များပြန်လည်ဖွင့်လှစ်သည့်အခါ ကျန်းမာရေးဦးစားပေး ကာကွယ်သည့် နည်းလမ်းများအသုံးပြုသွားမည်ဖြစ်သည်။ လာရောက်စားသောက်သူ ဧည့်သည်များသည် တဦးနှင့်တဦး ခပ်ခွါခွါနေသင့်ကြောင်း သတိပေးထားသည့် စတစ်ကာများကို ဆိုင်အနှံ့တွင်တွေ့ရှိရမည်ဖြစ်ပြီး စားပွဲအချင်းချင်းသည် ယခင်ကထက် ကွာဝေးသောနေရာတွင်သာ နေရာချပေးထားသည်။ ဝန်ထမ်းများသည် ဝန်ဆောင်မှုပေးချိန်နာရီတိုင်း လက်ဆေးရမည်ဖြစ်ပြီး အကာအကွယ်ဝတ်စုံအပြည့်အစုံကိုလဲ ဝတ်ဆင်ထားရမည်ဖြစ်သည်။

ကမ္ဘာတဝှမ်းရှိ McDonald စားသောက်ဆိုင်အားလုံး၏ ၉၅%အား ပုံမှန်ဝန်ဆောင်မှုပေးနိုင်သောပမာဏထက် လျှော့ချကာ ပြန်လည်ဖွင့်လှစ်လျက်ရှိသည်။

McDonald ၏ရောင်းအားသည် ပုံမှန်အနေအထားအတိုင်း တဖြေးဖြေးပြန်လည်မြင့်တက်လာလျက်ရှိသည်။ အမေရိကား၏ ဧပြီလရောင်းအားသည့် ပြီးခဲ့သည့်နှစ် ဧပြီလနှင့်ယှဉ်ကြည့်လျှင် ရောင်းအား ၁၉%ကျဆင်းခဲ့သော်လည်း မေလတွင် ၅%ခန့်သာ ကျဆင်းခဲ့သည်ဟုဆိုသည်။ မေလတွင် McDonald breakfast ရောင်းအားမှာ ကျဆင်းခဲ့သော်လည်း အသစ်ထုတ်လုပ်ထားသည့် breakfast menu အသစ်မှာ ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC Business
Photo: Bazz.com

%d bloggers like this: