0

လုပ်ငန်းအားလုံးရောင်းချပြီး ရုရှားမှအပြီးတိုင်ထွက်ခွါတော့မည့် Maersk သင်္ဘောလိုင်း

Share

သင်္ဘောနှင့်ပို့ဆောင်ရေးလုပ်ငန်းကြီး A.P Moller-Maersk သည် ရုရှားရှိ၎င်း၏ logistics sites နှစ်ခုအား IG Finance Development Limited သို့ရောင်းချရန် သဘောတူညီခဲ့ပြီးနောက် ရုရှားနိုင်ငံအတွင်းမှ စီးပွါးရေးလှုပ်ရှားမှုများအား အဆုံးသတ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Novorossiisk ရှိ Maersk ၏ ကွန်တိန်နာ (TEU = ပေ၂၀ကွန်တိန်နာ) ၁,၅၀၀ ဆံ့ကုန်းတွင်းဆိပ်ကမ်းလုပ်ငန်းနှင့် St. Petersburg ရှိ အအေးခန်းဂိုထောင်ရောင်းချမှုမှာ ဥရောပနှင့် ရုရှားတွင်ခွင့်ပြုချက်ရရှိပြီးဖြစ်သည်ဟု ဆိုသည်။

IG Finance Development သည်ဆိုက်ပရက်တွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်ပြီး ရုရှား၌ အကြီးဆုံးအစားအသောက်တင်ပို့သူ Arosa နှင့်ပူးပေါင်းရန် သဘောတူညီချက်ရရှိထားသည်ဟု Maersk ကဆိုသည်။

Maersk သည် Svitzer brand အောက်ရှိ ၎င်း၏ တွန်းသင်္ဘောလေးစင်းအား ရောင်းချပြီးပါက ရုရှားနိုင်ငံအတွင်း၎င်း၏ စီးပွါးရေးလုပ်ငန်းများအားလုံးကို အဆုံးသတ်နိုင်တော့မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် Maersk သည် ရုရှားအကြီးဆုံး ဆိပ်ကမ်းနှင့်သင်္ဘောလုပ်ငန်းကြီး Global Ports Investments မှရှယ်ယာ ၃၀.၇၅% ကိုရောင်းချခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Reference: Reuters Business
Photo: Reuters

 

%d bloggers like this: