ကမ္ဘာကျော် ဖက်ရှင်ဘရန်းကြီး LVMH သည် ယနေ့တနင်္လာနေ့က ဈေးကွက်တန်ဖိုး ဒေါ်လာ ၅၀၀ ဘီလီယံ ကျော်တန်သည့် ပထမဆုံး ဉရောပကုမ္ပဏီဖြစ်လာခဲ့သည်။ LVMH သည် Givenchy, Bulgari, Sephora stores တို့အပါအဝင် Louis Vuitton, Moët & Chandon and Hennessy တို့၏ မိခင်ကုမ္ပဏီ ဖြစ်ပြီး ယခုလ ပထမသုံးလပတ်တွင် မျှော်လင့်ထားသည်ထက် ၂ ဆ ရောင်းအား ၁၇% တိုးတက်ခဲ့သည်။
ထုတ်ပြန်ချက်များအရ ၂၀၂၂ ခုနှစ်တွင် ဝင်ငွေ ယူရို ၇၉.၂ ဘီလီယံ (ဒေါ်လာ ၈၇.၁ ဘီလီယံ) ရရှိခဲ့သည်။ ပဲရစ်အခြေစိုက် ဖက်ရှင်ကုမ္ပဏီကြီးသည် တရုတ်ကိုဗစ် ကန့်သတ်ချက်များပြန်ဖွင့်ပေးလိုက်ခြင်းကြောင့် တရုတ် ခရီးသွား မြင့်တက်ခဲ့ကာ ဇိမ်ခံဖက်ရှင်ပစ္စည်းဝယ်ယူသူတိုးတက်များပြားလာခဲ့သည်ဟုဆိုသည်။ တရုတ်ခရီးသွားများ၏ သုံးစွဲဝယ်ယူနှုန်းသည် အခြားဖက်ရှင် ဘရန်းများဖြစ်သည့် Richemont, Kering, Burberry တို့တွင်လည်း မြင့်တက်ခဲ့သည်။
LVMH ၏ CEO Bernard Arnault သည် လက်ရှိတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟု Forbes real-time billionaires index ကဖော်ပြထားသည်။ ၂၀၂၁ တွင် အမေရိကန် ကျောက်မျက် ကုမ္ပဏီ Tiffany & Co ကို ဒေါ်လာ ၁၅.၈ ဘီလီယံဖြင့် LVMH ကဝယ်ယူခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC
Photo: Getty Images