LVMH CEO ဖြစ်သူ Bernard Arnault သည် ရုရှားလူမျိုး အကြီးအကဲ Nikolai Sarkisov နှင့် ဘဏ္ဍာရေးအပေးအယူကိစ္စများနှင့်ပတ်သက်၍ ပါရီအစိုးရရှေ့နေရုံး၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။
ပြင်သစ်သတင်းစာ Le Monde က Sarkisov သည် Arnault ထံမှချေးငွေ ယူကာ Alpine အပန်းဖြေစခန်းတွင် အိမ်ခြံမြေ ဝယ်ယူခဲ့ကြောင်းဖော်ပြထားသည်။
ပြင်သစ် ထောက်လှမ်းရေးသည် ၂၀၂၂ ခုနှစ်ကတည်းက Bernard Arnault အား ငွေကြေးခဝါချမှုနင့် ပတ်သက်၍ မသင်္ကာမှုများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပါရီအစိုးရ ရှေ့နေရုံးကဆိုသည်။
ကမ္ဘာ့အကြီးဆုံး ဇိမ်ခံပစ္စည်းကုမ္ပဏီ၏ CEO နှင့် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဖြစ်သူ Arnault သည် ပြင်သစ်အခွန်စုံစမ်းစစ်ဆေးရေးက ၂၀၁၉ ခုနှစ်တွင် LVMH ရုံးချုပ်အား ဝင်ရောက်စီးနှင်းမှုအမှုတွင် တရားရုံး၌ ရှံးနိမ့်ခဲ့သည်။ ထိုအမှုသည် ဘယ်ဂျီယံရှိ အခွန်ရှောင်သည့်ကိစ္စနှင့် ဆက်စပ်နေသည်။
Nikolao Sarkisov မှာ ၄င်း၏အစ်ကို Sergey ၏ ရုရှား အာမခံကုမ္ပဏီ RESO-Garantia ၌အကြီးတန်းအရာရှိတစ်ဉီးဖြစ်သည်။ RESO-Garantia ၏လက်ထောက် CEO Igor Ivanov က ကုမ္ပဏီကိုယ်တိုင်ဖြစ်စေ Nikolai Sarkisov ကိုယ်တိုင်ဖြစ်စေ ငွေအပေးအယူကိစ္စတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း Sarkisov က Arnault နှင့် မည်သည့်အခါမှ တွေ့ဆုံခဲ့ဖူးခြင်းမရှိကြောင်း ငြင်းဆိုထားသည်။
ထိုအိမ်ခြံမြေရောင်းဝယ်မှုမှာ အသေးစားရင်းနှီးမြှုပ်နှံမှု တစ်ခုမျှသာဖြစ်ပြီး ဉရောပ အိမ်ခြံမြေလုပ်ငန်းက ဉပဒေနှင့်အညီ စာချုပ်စာတမ်းအပြည့်အစုံ ပြင်ဆင်ပေးခဲ့ကြောင်း “ငွေကြေးလွှဲပြောင်းမှုအားလုံးကို ပြင်သစ်ရှေ့နေတွေက ပြင်သစ် စာရွက်စာတမ်းတွေကနေတဆင့် ပြင်သစ်ကုမ္ပဏီတွေက လုပ်ဆောင်ပါတယ်။ ဒါက သာမာန်အိမ်ခြံမြေ သဘောတူညီချက်ပါ။” ဟု Igor Ivanov ကဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ LVMH က မှတ်ချက်မပေးပေ။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ
Source: CNBC
Photo: Getty Images