0

Luckin ရှယ်ယာများ အရောင်းအဝယ်ပြန်လုပ်နေပြီး ဈေးများထိုးကျ

Share

Nasdaq exchange ကလိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရသည့် တရုတ်ကုမ္ပဏီ Luckin အား ဧပြီလ ၇ရက်နေ့တွင် စတော့ ရောင်းဝယ်မှု ရပ်ဆိုင်းထားပြီးသည့်နောက် listed company စာရင်းမှဖြုတ်ချလိုနေသည်။ သို့သော်လည်း Nasdaq တွင် Lucking ရှယ်ယာများသည် ဗုဒ္ဓဟူးနေ့ မနက်ခင်း ၌ စတော့အရောင်းအဝယ်များ ပြန်လည်ပြုလုပ်လျက်ရှိသည်။

Lucking ရှယ်ယာများသည် ၄၀% ထိထိုးကျခဲ့ပြီး ကနဦးဈေးကွက်ပေါက်ဈေး ရှယ်ယာတစောင်လျှင် ဒေါ်လာ ၂.၆၀ ဈေးရှိသည်။ ၂၀၁၉ မေလတွင် IPO စတင်ရောင်းချခဲ့ပြီး ဈေးကောင်းရရှိခဲ့၍ Starbucks ၏ဈေးကွက်ကိုလည်း သိမ်းယူမည်ဟု ကြွေးကျော်ခဲ့သည့် Luckin သည် COO (Chief Operating Officer) က ရောင်းအား စာရင်းပိုပြခဲ့သည့် စာရင်းလိမ်လည်မှုကြောင့် ဧပြီလတွင် ရှယ်ယာဈေးများ ၇၅% ထိကျဆင်းခဲ့သည်။

CEO နှင့် COO တို့သည် ရာထူးမှဖြုတ်ချခံခဲ့ရပြီးနောက် ကုမ္ပဏီ၏ ရှေ့ရေးသည်လည်း မသေချာမရေရာမှုများ ဖြစ်ပေါ်လာခဲ့သည်။ Nasdaq ၏ delisting လုပ်မည့် ဆုံးဖြတ်ချက်အား အယူခံဝင်မည်ဖြစ်ကြောင်း Luckin ကဆိုသည်။ Nasdaq ကတော့ ဘာကြောင့်ရှယ်ယာ ရောင်းဝယ်ခွင့် ပြန်ပေးထားသလဲ ဆိုသည့်အကြောင်းအား ရှင်းပြထားခြင်းမရှိပေ။

သို့သော်လည်း Luckin အရောင်းဆိုင်များပိတ်သိမ်းတော့မည် (သို့မဟုတ်) ဒေဝါလီခံတော့မည် ဆိုသည့် ကောလဟာလများလည်း ရှိနေခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

Source: CNN Business News

%d bloggers like this: