LG Energy Solution က Toyota အတွက် EV ဘက်ထရီထောက်ပံ့ပေးရန် ၃ ဘီလီယံတန်စာချုပ်ချုပ်ဆိုမည်

Share

တောင်ကိုရီးယား LG Energy Solution က အမေရိကန်တွင် တပ်ဆင်မည့် Toyota လျှပ်စစ်ကားများအတွက် လစ်သီယမ်အိုင်းယွန်း ဘက်ထရီများ ထောက်ပံ့ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ အဆိုပါသဘောတူချက်အရ ၂၀၂၅ တွင် Kentucky ၌ထုတ်လုပ်တပ်ဆင်မည့် Toyota မော်ဒယ်သစ်လျှပ်စစ်ကားများအတွက်ဖြစ်သည်။ တိုကျိုအခြေစိုက် Toyota ရှယ်ယာများမှာလည်း အင်္ဂါနေ့က ၂.၉၁% အထိမြင့်တက်သွားခဲ့သည်။

Toyota သည် ၃ နှစ်ဆက်တိုက် ကမ္ဘာ့ထိပ်တန်းကားထုတ်လုပ်သူအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၂၂ ခုနှစ်တွင် အစီးရေ ၁၀.၅ သန်းနီးပါးရောင်းချခဲ့ရသည်။

LG Energy Solution သည်အခြားနံမည်ကြီးကားကုမ္ပဏီများဖြစ်သည့် General Motors (American), Hyundai (South Korea), Honda (Japan) တို့ကိုလည်းဘက်ထရီများ ထောက်ပံ့ပေးလျက်ရှိသည်။ Hyundai နှင့်တွဲဖက်၍ အမေရိကန်တွင် ဒေါ်လာ ၄.၃ ဘီလီယံတန် EV ဘက်ထရီစက်ရုံဆောက်လုပ်ဉီးမည်ဟုလည်း ပြီးခဲ့သည့် လအနည်းငယ်က ကြေညာခဲ့သည်။

အမေရိကန်ထုတ် လျှပ်စစ်ကားဝယ်ယူသူများမှာ ငွေဖောင်းပွမှုလျှော့ချရေးဉပဒေအရ အမေရိကန်ဒေါ်လာ ၇,၅၀၀ အထိ အခွန်သက်သာခံစားခွင့်များ ရရှိလျက်ရှိသည်။

ဂျပန်ကားထုတ်လုပ်သူကြီးသည် Toyota နှင့် Lexus brands လျှပ်စစ်ကားမော်ဒယ်အမျိုးအစားပေါင်း ၃၀ ထုတ်လုပ်သွားရန် ရည်မှန်းထားပြီး ၂၀၃၀ ခုနှစ်တွင် နှစ်စဉ် BEV (battery electric vehicle) ၃.၅ သန်းထုတ်လုပ်သွားမည်ဟု ပြောကြားခဲ့သည်။

ကူးယူ‌ဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC News
Photo: Getty Images

%d bloggers like this: