0

Kim Kardashian West ၏ KKW အလှကုန်လိုင်းတန်ဖိုး ဒေါ်လာ ၁ ဘီလျံရောက်ရှိလာ

Share

ပြီးခဲ့သည့် ဇန်နဝါရီလတွင် အမေရိကန်အလှကုန် ကုမ္ပဏီကြီး Coty (COTY) က Kylie Jenner ၏အလှကုန်လုပ်ငန်းကို ဝယ်ယူခဲ့ပြီးနောက် ဒေါ်လာ သန်း၂၀၀ တန်ကြေးရှိသော Kim Kardashian West ၏အလှကုန်လိုင်း KKW ၏ ရှယ်ယာ ၂၀% ကိုလဲဝယ်ယူမည်ဟု ပြီးခဲ့သည့်တနင်္လာနေ့ကကြေညာခဲ့သည်။ KKW သည် ဒေါ်လာ ၁ဘီလျံတန်ကြေးရှိနေပြီး Kylie Jenner ၏ ကုမ္ပဏီဖြစ်သည့် Kylie Cosmetics ၏တန်ဖိုးဖြစ်သည့် ဒေါ်လာ ၁.၂ ဘီလျံထက် အနည်းငယ်သာ လျော့နည်းသည်။

သဘောတူညီချက်အောက်တွင် Kardashian West ကကုမ္ပဏီကို အဓိကအုပ်ချုပ်သည့်နေရာအား ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး အလှကုန်ပစ္စည်းရောင်းအားမြှင့်တင်ရန်နှင့် ထိရောက်သော ဆက်သွယ်မှုများပြုလုပ်နိုင်ရန်သူမ၏ social media followers သန်း ၃၀၀ ထက်ပိုမိုများစေရန်ကြိုးပမ်းသွားရန်ရှိသည်။

Coty နှင့် စီးပွားရေးသဘောတူညီမှု ပြုလုပ်လိုက်တာဟာ Coty ကနေ အထောက်အကူဖြစ်တဲ့ အကူအညီတွေလည်းရရှိနိုင်သလို သူမစိတ်ဝင်စားတဲ့အရာတွေအပေါ်မှာ ပိုအာရုံစိုက်ပြီး ဖန်တီးခွင့်ရတဲ့ အခွင့်အရေးဖြစ်တယ်လို့ Kardashian West ကဆိုသည်။

သဘောတူညီအား ၂၀၂၁ ခုနှစ် တတိယမြောက် quarter တွင်အပြီးသတ်လုပ်နိုင်မည်ဟုခန့်မှန်းထားပြီး Coty အတွက် ခရီးလမ်းသစ်တခုလဲဖြစ်သည်။ ဂျွန်လအစောပိုင်းတွင် ကုမ္ပဏီ၏ CEO Pierre Laubies ကိုရာထူးမှဖြုတ်ချခဲ့ပြီး ဥက္ကဌ Peter Harf နဲ့အစားထိုးခဲ့ကာ ၄ နှစ်အတွင်း ၄ယောက်မြောက် CEO ဖြစ်လာခဲ့သည်။

Source: BBC News
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: