ကမ္ဘာ့နိုင်ငံများအနက် အာဖရိကလူဉီးရေသည် အလျှင်မြန်ဆုံး ကြီးထွားလျက်ရှိပြီး ၂၀၅၀ ခုနှစ်တွင် လက်ရှိလူဉီးရေ၏ ၄ ပုံ ၁ပုံခန့်ထပ်မံတိုးပွားလာလိမ့်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ လုပ်ငန်းရှင် ကုမ္ပဏီကြီးများက ဆာဟာရအောက်ဖက်ရှိ ယင်းအာဖရိကနိုင်ငံသို့ ရောက်ရှိနေရာယူထားရန် အရေးကြီးသည်ဟု ထင်မြင်ထားကြသည်။
စင်္ကာပူသည် အာရှစီးပွားရေး၏ အဓိက အချက်အချာကျနေရာဖြစ်သကဲ့သို့ ကင်ညာမှာလည်း အာဖရိကအတွက် အလားတူကုမ္ပဏီများစုဝေးသည့် နေရာဖြစ်လာရန် စိုင်းပြင်းလျက်ရှိသည်။ လူဉီးရေထူထပ်လှသည့် နိုင်ဂျီးရီးယားမှာ စီးပွားရေးတိုးတက်မှု နှေးကွေးလျက်ရှိပြီး အရေးကြီးသည့် အပြောင်းအလဲများပြုလုပ်ဆဲ အဆင့်တွင်သာရှိသည်။ အီသီယိုးပီးယားမှာလည်း မကြာသေးမီက ပြည်တွင်းစစ်နှင့်ကြုံခဲ့ရပြီး လျှပ်စစ်မီးပြတ်တောက်ခြင်း၊ တောင်အာဖရိကနှင့် နိုင်ငံရေးပြဿနာများ ဖြေရှင်းနေရသူဖြစ်သည်။
ထို့ကြောင့် အာဖရိက၏ သတ္တမမြောက် အကြီးဆုံး ကင်ညာမှာ အလားအလာအကောင်းဆုံးနိုင်ငံဖြစ်သည်ဟု Bloomberg Opinion မှ Tyler Cowen ကယူဆထားခြင်းဖြစ်သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg Business
Photo: Getty Images