0

JD.com ကအီလက်ထရောနစ်လက်လီလုပ်ငန်း Gome တွင်ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်

Share

တရုတ် e-commerce လုပ်ငန်းကြီး JD.com သည် electronics chain ဖြစ်သည့် Gome Retail တွင် အမေရိကန်ဒေါ်လာ သန်း၁၀၀ နှင့်ညီမျှသည့် Bonds များဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်လက JD.com ၏ ပြိုင်ဘက်ဖြစ်သူ Pinduoduo က Gome တွင် ဒေါ်လာ သန်း၂၀၀ ရင်းနှီးမြှပ်နှံပြီးနောက် JD.com ကလည်း ထပ်မံရင်းနှီးမြှပ်နှံခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းပါတနာများ ဖြစ်လာခဲ့ပြီးနောက်တွင် JD.com နှင့် Gome တို့သည် ပိုမိုကောင်းမွန်သော supply chain ဖြစ်အောင် အတူလက်တွဲဆောင်ရွက်မည်ဖြစ်ပြီး ပစ္စည်းပို့ဆောင်ရေး logistic အပိုင်း၊ ဝန်ဆောင်မှုပေးသည့်အပိုင်း၊ ငွေကြေးဘဏ္ဍာရေး နှင့် အခြားလုပ်ငန်းအပိုင်းများတွင်လည်း resources များကို တဦးနှင့်တဦး မျှဝေသွားမည်ဟု ဆိုသည်။

အဆိုပါ ပူးပေါင်းခြင်းသည် ပြီးခဲ့သည့် မတ်လတွင် Gome က သူ၏ flagship store ကို JD.com တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ကုမ္ပဏီ နှစ်ခု ဆက်လက် လက်တွဲခဲ့ကြခြင်းဖြစ်ပြီး JD.com ကလဲ အိမ်အသုံးအဆောင်ပစ္စည်းဈေးကွက် ချဲ့ထွင်ရန် အသုံးချလိုက်သော Strategy ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် JD.com က အိမ်အသုံးအဆောင် ပစ္စည်းကုမ္ပဏီ Five Star၊ ဖုန်းပစ္စည်းအရောင်းဆိုင် D Phone နှင့် Lenovo လက်ကားဖြန့်ချီသူ Lecoo တို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြလုပ်ခဲ့သေးသည်။ ထိုမှတဆင့် JD.com သည် JD E-Space, JD ကွန်ပြူတာနှင့် ဒစ်ဂျစ်တယ် အရောင်းပစ္စည်းဆိုင်နှင့် JD အိမ်သုံးပစ္စည်းစသည့် လုပ်ငန်းခွဲများ ဖြန့်ကျက်နေခြင်းလည်းဖြစ်သည်။

Gome နှင့်အတူလက်တွဲပြီး supply chain , logistics နှင့် အဆင့်မြင့်နည်းပညာများပါဝင်သည့် ecosystem တခုကို တီထွင်ဖန်တီးရန် ရှိကြောင်း ကုမ္ပဏီက ဆိုထားသေးသည်။

ယနေ့အထိ ကုမ္ပဏီ၏ platform ပေါ်တွင် Brands ပေါင်း 2,600 ကျော်ရှိပြီး ယွမ် သန်း ၁၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၄ သန်း) အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။

Gome သည် တရုတ်ပြည်တွင် အိမ်အသုံးအဆောင် ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ ရောင်းချနေသည့် စတိုးဆိုင်ကြီးဖြစ်ပြီး လျှပ်စစ်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ ရောင်းချနေသော Alibaba ၏ လုပ်ငန်းခွဲဖြစ်သည့် Suning ၏ အဓိက ပြိုင်ဖက် တဦးလည်းဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Techinasia.com

%d bloggers like this: