အမေရိကန် Iconic retailers ကြီး JCPenny သည် ဒေဝါလီခံကာ အမေရိကန်ပြည်နယ် ၂၀ ရှိ ဆိုင်ခွဲပေါင်း ၁၅၄ ဆိုင်အား ယခုနွေရာသီတွင် အပြီးတိုင်ပိတ်သိမ်းတော့မည်ဖြစ်သည်။
JCPenny သည် ကိုရိုးနားဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဒေဝါလီခံကာ အကာအကွယ်ယူလိုက်ရသည့် ကုမ္ပဏီအကြီးစားများထဲမှ တခုအပါအဝင်ဖြစ်ပြီး ဆိုင်မပိတ်သိမ်းမီ ၃ လကြာ ပစ္စည်းများ အရောင်းချမည်ဖြစ်ကာ လာမည့်အပတ်တွင် ဆိုင်ပိတ်သိမ်းသည့်သတင်းများအား ထပ်မံထုတ်ပြန်မည်ဟု ကြေညာထားသည်။
JCPenny သည် မေလ ၁၅ ရက်နေ့တွင် ဒေဝါလီခံရန်အတွက် (Chapter 11) လုပ်ငန်းပြန်လည်ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့သည်။ သက်တမ်း ၁၁၈ နှစ်သက်တမ်းရှိ ကုမ္ပဏီကြီးသည် ကပ်ရောဂါကြီးကြောင့် အဆမတန် ရောင်းအားကျဆင်းခဲ့ရပြီး အကြွေးနွံနစ်ကာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။
ကပ်ရောဂါဖြစ်ပွားပြီးနောက် JCPenny ကဲ့သို့သော အခြားစီးပွားရေးလုပ်ငန်းများစွာ မှာလည်း ယာယီပိတ်သိမ်းထားခဲ့ရသည်။ Lock-down ဖြေလျှော့ပေးမှုကြောင့် ပြီးခဲ့သည့်ကြာသပတေးနေ့တွင် စတိုးဆိုင်ပေါင်း ၅၀၀ နီးပါးပြန်ဖွင့်ခဲ့သေးကြောင်း ကုမ္ပဏီက ဆိုသည်။
“ငွေကြေးအင်အားတောင့်တင်းခဲ့တဲ့ ကုမ္ပဏီကြီးက သူ့ရဲ့loyal customers တွေကို ဆက်လက်ဝန်ဆောင်မှုပေးဖို့နဲ့ ကုမ္ပဏီကို Chapter 11 ကရော Covid-19 ကပါ ရုန်းထွက်နိုင်ဖို့ ခက်ခဲနေချိန်မှာ စတိုးဆိုင်တွေ ပိတ်ထားဖို့ဆိုတာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်”ဟု JCPenny ၏ CEO Jill Soltau ကဆိုခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNN Business
Photo: Retail Touch Points