ဘဏ္ဍာရေး ဈေးကွက်အတွင်းက ဗြိတိသျှ အမျိုးသမီး စီးပွားရေးသမား ဂျိန်းအန်း ဂါဒီယာ –
“ပြီးခဲ့သည့် စီးပွားပျက်ကပ် အတွင်းကထက် ဘဏ်များ၏ လုပ်ဆောင်ချက်များ ပိုမိုကောင်းမွန်ရလိမ့်မည်”
ဗြိတိန်သူ Jayne-Anne Gadhia သည် ၂၀၀၇ မှ ၂၀၁၈ အတွင်း Virgin Money ၏ အမှုဆောင်အရာရှိအချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဘဏ္ဍာရေး ဝန်ဆောင်မှု ဈေးကွက်အတွင်း အကျော်ကြားဆုံး အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး တက်သစ်စ လုပ်ငန်းတစ်ခုဖြစ်သည့် Snoop ၏ တည်ထောင်သူ၊ ဥက္ကဌလည်း ဖြစ်သည်။ သူမ Virgin Money တွင် CEO ရာထူးလက်ခံအပြီး နောက်နှစ် ၂၀၀၈ တွင် ကမ္ဘာ့ စီးပွားရေး ပျက်ကပ် ဖြစ်ပွားခဲ့သော်လည်း ဘဏ်များ၊ ငွေကြေးမူဝါဒ အကြပ်အတည်းများကြားတွင် Virgin Money ကို ၂၀၁၈ ခုနှစ် အထိ ပဲ့ကိုင်ခဲ့သည်။
ငွေကြေးမူဝါဒဆိုင်ရာ အခက်အခဲများကြုံခဲ့ပြီးနောက် ၁၂ နှစ် အကြာ ယခု ၂၀၂၀ တွင် ကူးစက်ရောဂါကြောင့် စီးပွားရေး နယ်ပယ် ဆိုးရွားစွာ ကျဆင်းလာမည်ကို သူမလည်း ရင်ဆိုင်နေရပြီဖြစ်သည်။ ယခု အချိန်တွင် လူတိုင်းစိုးရိမ် ကြောက်ရွံ့နေပြီး မထင်မှတ်ထားသော ကိစ္စတစ်ခုကို သူမ အကောင်အထည် ဖေါ်လိုက်ပြန်သည်။
ထိုကဲ့သို့ an all-but-certain recession အကြပ်အတည်း သေချာပေါက်ကြုံရမည့် အချိန်တွင် သူမက Fintech လုပ်ငန်းအသစ်တစ်ခုကို စတင်လိုက်ခြင်းဖြစ်သည်။
သူမစီစဉ်ထားသည့်အတိုင်း ဖြစ်လာလျှင် အဆိုပါ Fintech App Snoop သည် ကွန်ပျူတာ အသိဉာဏ် AI ကို အသုံးပြုပြီး ထို application ကို အသုံးပြုသူတို့၏ ဘေလ် ဆောင်စရာများ၊ နေ့စဉ်အသုံးစရိတ်များ စသည်တို့နှင့်ပက်သက်၍ ကူညီပေးသွားမည်ဖြစ်သည်။ အဆိုပါ Application ကို ဗြိတိန်တွင် ယခုအပတ်အတွင်း ဖြန့်ချိသွားမည်ဖြစ်ပြီး သူမ၏ လုပ်ငန်းသစ်တွင် အဖွဲ့ပေါင်း ၂၂ ခု အလုပ်လုပ်ကြမည်ဖြစ်သည်။ အများစုသော အတွေ့အကြုံရှိ ဝန်ထမ်းများမှာ သူမကို နဂိုယုံကြည်မှုရှိပြီးဖြစ်သည့် Virgin Money ကို ဝယ်ယူခဲ့သည် Clydesdale Bank CYBG မှ အဖွဲ့သားများ ဖြစ်သည်ဟု သိရသည်။
Economic Lockdown ဖြစ်နေသည့် အချိန်တွင် လူတိုင်း၏ ငွေ တပြားတချပ်သည်လည်း တန်ဖိုးကြီးနေသောကြောင့် Snoop ကို ထုတ်လုပ်ခြင်းသည် ဈေးကွက်အတွင်းလိုအပ်ချိန်နှင့် အချိန်ကိုက်ဖြစ်ကြောင်း သူမက ဆိုသည်။
“လူတွေက ဘယ်မှ ဈေးဝယ်ရင် ဘယ်လို tips တွေရမယ်။ ဘယ်နေရာက ဈေးဝယ်ရင်၊ သုံးရင် ရလာမယ့် credit, tips တွေကို ဘယ်အပိုင်းမှာ ပြန်သုံးလို့ရမယ်၊ စတာတွေကို သိဖို့ လိုလာပါတယ်။ ဒါကို ကျွန်မတို့ တတ်နိုင်တာက ဒေတာ အချက်အလက်တွေကို သုံးပြီး ကူညီပေးနိုင်တာပါ” ဟု သူမက ဆိုသည်။
Snoop က ဤကဲ့သို့ ဆောင်ရွက်ပေးပြီး ဝင်ငွေအနေဖြင့် သက်ဆိုင်ရာနေရာများမှ ကော်မရှင်ခ အဖြစ် ပြန်ဝင်လာမည်။ ထို့ပြင် တီဗီအစီအစဉ်များရှိ Recommended Things များကိုလည်း ထုတ်ပြန်ပေးမည်ဖြစ်ရာ ကြော်ငြာခ၊ Rating နှင့် အခြား ဘဏ်နှင့် ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုများမှ ငွေ ပြန်လည် ဝင်လာဖွယ်ရှိနေသည်။
ဂျိန်းအန်း ဂါဒီယာက Covid-19 သည် ဘဏ်များအဖို့ ယခင်ကြုံခဲ့ရသော အမှားများကို သင်ခန်းစာယူနိုင်ရန် အချိန်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စီးပွားပျက်ကပ်အတွင်း ငွေထုတ်ချေးခဲ့သည့် ဘဏ်ကြီးများ အနေဖြင့် အိမ်အပေါင်ဆုံးကဲ့သို့ ကိစ္စများ၊ ချေးငွေစာချုပ်ကိစ္စများ၊ ရင်းနှီးမြှုပ်နှံသူများနှင့်ပက်သက်သော အယူအဆများကို ပြန်လည် ဆင်ခြင်နိုင်ကြောင်း ပြောသွားခဲ့သည်။
သူမသည် အင်္ဂလန် ဗဟိုဘဏ်တွင်လည်း ၂၀၁၉ ခုနှစ်မှ စတင်၍ ငွေကြေးမူဝါဒကော်မတီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်ဖြစ်ရာ Bank Of England BOE ၏ မူဝါဒပိုင်းဆိုင်ရာများကို ကူညီပေးနိုင်သော်လည်း ဗြိတိန်၏ UK Software Saleforce တွင် Cheif Executive အဖြစ် ရာထူးကမ်းလှမ်းခံရပြီးနောက် အင်္ဂလန်ဗဟိုဘဏ်မှ ရာထူးကို ပြန်လည် စွန့်လွှတ်သွားခဲ့သည်။ အဆိုပါ ရာထူးကိုလည်း သူမအတွက် နောက်ပြန်ဆုတ်သည့် ခြေလှမ်းတစ်ခုအဖြစ်ယူဆကာ ၆ လအကြာတွင် နှုတ်ထွက်ခဲ့ပြီး Advising Driector အဖြစ်သာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်လျက်ရှိသည်။
သူမအတွက် ယခု Snoop App သည် စိန်ခေါ်မှုအသစ်တစ်ခုဖြစ်ပြီး Virgin Money တွင် စီအီးအိုအဖြစ် ထမ်းဆောင်ပြီးနောက်ပိုင်း ပိုမိုစိတ်လှုပ်ရှားစရာကောင်းသည့် အလုပ်၊ တာဝန်များကို ရှာဖွေနေဆဲဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။
Snoop ၏ ဝက်ဘ်လင့်ခ်မှာ snoop.app ဖြစ်ပါသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: the guradian, snoop.app, jayne-ann ghadia, reuters