0

ဂျပန်အစိုးရမှ ပြည်သူများအား ငွေသား ယမ်း ၁၀၀,၀၀၀ ပေးမည်။

Share

ဝင်ငွေကန့်သတ်ချက်မရှိပဲ အစိုးရမှ လူတဦးလျှင် ငွေသား ယမ်း ၁၀၀,၀၀ ပေးမည်ဟု ပြီးခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ရုံးခန်း ၌ တွေ့ဆုံကြပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် နိုင်ငံ၏စီးပွားရေးလည်ပတ်မှုကို အထောက်အပံ့ဖြစ်စေရန် အစိုးရအနေဖြင့် အခုလိုကူညီပေးသင့်ကြောင်း ကိုမဲတို ခေါင်းဆောင် နစုယို ရာမဂုချီက ဝန်ကြီးချုပ်အဘေးအား ပြောခဲ့သည်။ ကိုမဲတိုသည် အဘေး အုပ်ချုပ်နေသော လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ ညွှန့်ပေါင်း ပါတနာ အဖွဲ့ငယ်ဖြစ်သည်။

လာမည့် ၂၀၂၀ ဘဏာရေးနှစ်အတွက် ဘက်ဂျက်ခန့်မှန်းလျာထားချက်များ သတ်မှတ်ပြီးလျှင် အဆိုပါအကြံပြုချက်အား ထည့်သွင်းစဉ်းစားမည်ဟု အဘေးက ပြန်လည်ဖြေကြားခဲ့သည်။

အစည်းအဝေးပြီးဆုံးပြီးနောက် ရာမဂုချီက သတင်းထောက်များအား အစိုးရက ကြေငြာချက်ထုတ်ပြန်ထားသည့် တိုကျိုမြို့နှင့်အခြား ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားခဲ့သော နေရာဒေသအားလုံးသည် စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအပေါ်ပြင်းထန်၍ ကြီးမားသော အကျိုးသက်ရောက်မှုကြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ပြည်သူများအား အားပေးစကား စည်းလုံးညီညွှတ်ခြင်းကို ပြသတဲ့ သတင်းစကားများ ပြောသင့်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

Source: Nippon.com
Copyright: The Jiji Press,Ltd.

%d bloggers like this: