ဂျပန်စီးပွါ‌ရေး ၁.၄% တိုးတက်မည်ဟု IMF မျှော်မှန်း

Share

ဂျပန်၏နိုင်ငံ၏ စီးပွါးရေးသည် ၂၀၂၂ ခုနှစ်ထက် ၁% မြန်ဆန်ကာ ယခုနှစ်တွင် ၁.၄% တိုးတက်လာလိမ့်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF (international Monetary Fund) ကပြီးခဲ့သည့် အင်္ဂါနေ့က ပြောကြားခဲ့သည်။ စီးပွါးရေးတိုးတက်သည့် အကြောင်းရင်းထဲတွင် ကပ်ရောဂါကြောင့် တင်းကြပ်ထားသော စည်းမျဉ်းများ ဖြေလျော့ပေးလိုက်ခြင်းနှင့် အိမ်ထောင်စုများ ငွေသုံးနှုန်း၊ စားသုံးနှုန်းမြင့်တက်စေရန် အစိုးရက အားပေးသောကြောင့်ဖြစ်သည်။

ပြည်တွင်းစီးပွါးရေးမြှင့်တင်ရန်နှင့် အလုပ်လက်မဲ့နှုန်းလျှော့ချရန် အစိုးရက အတိုးနှုန်းနှိမ့်ချပေးသော ပေါ်လစီဖြစ်သည့် “accommodative policy” ကိုလည်း IMF ကထောက်ပြထားသေးသည်။ အဆိုပါ ပေါ်လစီအရ အစိုးရနှင့် ဗဟိုဘဏ်တို့က ဘဏ်တိုးနှုန်းချထားပေးခြင်းဖြင့် လုပ်ငန်းရှင်များအား စီးပွါးရေးလွယ်ကူစွာလုပ်ကိုင်နိုင်စေရန်နှင့် ငွေကြေးသုံးစွဲမှုမြင့်တက်စေမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံအတွက် ခန့်မှန်းထားသော ၁.၄% တိုးတက်မှုနှုန်းသည် IMF မှ အခြားအဆင့်မြင့်စီးပွားရေးများအတွက် မျှော်မှန်းထားသော ပျမ်းမျှတိုးတက်မှုနှုန်း ၁.၅% နှင့် နီးစပ်လျက်ရှိသည်။

 

ကူးယူဖော် ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: Getty Images

%d bloggers like this: