0

SoftBank ဘုတ်အဖွဲ့မှ Jack Ma နှုတ်ထွက်၍ ဘုတ်အဖွဲ့ဝင်အသစ် ၃ ဦးလျာထား

Share

Alibaba တည်ထောင်သူ Jack Ma သည် SoftBank Group မှနှုတ်ထွက်တော့မည်ဖြစ်ကြောင်း CEO ဖြစ်သူ Masayoshi Son က တနင်္လာနေ့က ပြောကြားခဲ့သည်။

စက်တင်ဘာလတွင် Alibaba လုပ်ငန်းစု၏ ဥက္ကဌနေရာမှလည်း အနားယူခဲ့သူ Jack Ma က SoftBank မှထွက်ခွါခြင်းသည် စီးပွားရေးလောကထက် ပရဟိတလုပ်ငန်းများကို ပိုမိုအာရုံစိုက်နိုင်ရန်ဟု ဆိုသည်။

SoftBank ၏ ဘုတ်အဖွဲ့ဝင် ရာထူးအသစ် အတွက် CFO ဖြစ်သူ Yoshimoto Goto အပါအဝင် ၃ဦးလျာထားပြီး ဘုတ်အဖွဲ့ဝင် ၁၃ ဦးထိတိုးမြှင့်မည်ဟု ဆိုသည်။

ထို့အပြင် ချစ်ပ် ဒီဇိုင်းဆော့ဖ်ဝဲလ် လုပ်ငန်းဖြစ်သည့် Cadence Design Systems ၏ CEO ဖြစ်သူ Lip-Bu Tan နှင့် Waseda Business School ၏ ပရော်ဖက်ဆာ Uko Kwamoto တို့ကိုလည်း ပြင်ပ ဒါရိုက်တာများအဖြစ် ခေါ်ယူရန်ရှိနေသည်။ Kawamoto သည် တဦးတည်းသော အမျိုးသမီး ဘုတ်အဖွဲ့ဝင် ဖြစ်လာမည်ဖြစ်သည်။

SoftBank ၏ ဘုတ်အဖွဲ့ဝင် ပြောင်းလဲမှုများသည် ရင်းနှီးမြှုပ်နှံသူ Elliott Management ၏တောင်းဆိုချက်နှင့် ကိုက်ညီစေပြီး ဘီလျံ ၁၀၀ ငွေကြေးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်အတွက် ကြီးကြပ်ရန် ကော်မတီဝင်အသစ်များ လိုအပ်နေမှုနှင့်လည်း ကိုက်ညီနေသည်။

Son ၏ အထက်အောက် အုပ်ချုပ်မှုစနစ် ပိုမိုတင်းကြပ်လာပြီး သတ်မှတ်လျာထားသည့် fund ငွေများ လျော့နည်းခဲ့၍ လုပ်ငန်းတခုလုံးအတိုင်းအတာဖြင့် ဆုံးရှုံးမှုများ ရှိခဲ့သောကြောင့် ဖိအားများဖြစ်လာခဲ့သည်။

SoftBank ဘုတ်အဖွဲ့ကို လူယုံနှင့် အတွင်းလူများဖြင့်သာ ဖွဲ့စည်းထားခဲ့ပြီး Vision Fund အတွက် အကြီးဆုံးအားထားရသူ ဆော်ဒီ အရေးဗျ၏ ချမ်းသာကြွယ်ဝမှု ငွေကြေးအုပ်ချုပ်သူ Yasir al-Rumayyan လည်းပါဝင်သည်။
SoftBank မှပြီးခဲ့သည့်နှစ်တွင် Uniqlo အထည်လုပ်ငန်း၏ CEO ဖြစ်သူ Tadashi Yanai ကဖက်ရှင်လုပ်ငန်းကို ပိုမိုအာရုံစိုက်နိုင်စေရန် ထွက်ခါွပြီးနောက် Jack Ma လည်းထွက်ခွါခဲ့ပြန်သည်။

SoftBankသည် သီးခြားထုတ်ပြန်မှု အနေဖြင့် ဒုတိယအကြိမ် ယန်းဘီလျံ ၅၀၀ (ကန်ဒေါ်လာ ၄.၇ ဘီလျံ) တန်ဖိုးရှိ ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု တခုကို ဘုတ်အဖွဲ့မှ ခွင့်ပြုခဲ့ပြီး လုပ်ငန်းတိုးတက်လာပါက ယန်း ၂.၅ ထြီလျံ ပြန်လည်ဝယ်ယူခွင့်ရှိသည် သဘောတူညီချက်အား မတ်လတွင် ထုတ်ပြန်ခဲ့သည်။

ဧပြီလကုန်အထိ ရှယ်ယာပေါင်း ယန်း၂၅၀ ဘီလျံ ပြန်ဝယ်ယူခွင့်ရရှိခဲ့ပြီး SoftBank အနေဖြင့် Alibaba ထံတွင် ရင်းနှီးမြှုပ်နှံထားသော ကန်ဒေါ်လာ ၄၁ ဘီလျံကို ပြန်လည်ရောင်းချ၍ငွေပြန်ဖော်သည့် ကိစ္စဖြစ်လာနိုင်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC news
Image: Getty images

%d bloggers like this: