အမေရိကန်က ဆန်ရှင်ဖြင့် အရေးယူပိတ်ဆို့ထားသော်လည်း အီရန် ရေနံတင်ပို့မှုမှာ ၂၀၂၂ နှစ်ကုန် နောက်ဆုံး ၂ လတွင် စံချိန်တင်မြင့်တက်ခဲ့ပြီး ၂၀၂၃ နှစ်သစ်ကို အားကောင်းကောင်းဖြင့် စတင်ခဲ့သည်။
၂၀၁၈ တွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၂၀၁၅ ခုနှစ်နျူကလီးယားသဘောတူစာချုပ်မှနှုတ်ထွက်ပြီး ရေနံတင်ပို့မှုနှင့် အီရန်အစိုးရ၏ ဝင်ငွေလမ်းကြောင်းကို ဆန်ရှင်ပိတ်ဆို့ထားသောကြောင့် Tehran ၏ရေနံတင်ပို့မှု ကန့်သတ်ခံခဲ့ရသည်။
သမ္မတသစ် ဂျိုးဘိုင်ဒန်လက်ထက်တွင် နျူစာချုပ်ကို ပြန်အသက်သွင်းရန်ကြိုးပမ်းခဲ့ပြီး၊ ရုရှားရေနံနှင့် ဈေးနှုန်းယှဉ်ပြိုင်မှုပြင်းထန်မှုများရှိသော်လည်း၂၀၁၉ မှစ၍ရေနံတင်ပို့မှု အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။
Energy consultant ဖြစ်သူ SVB International ပြောကြားချက်အရ အီရန် ရေနံစိမ်းတင်ပို့မှုသည် ဒီဇင်ဘာတွင် ပျမ်းမျှ တစ်ရက်လျှင် စည် ၁.၁၃၇ သန်းရှိပြီး ၂၀၂၂ ခုနှစ်တွင် အမြင့်ဆုံးစံချိန်သို့ရောက်ရှိခဲ့သည်ဟု ဆိုသည်။
Reference: CNBC, Tehran Times, Reuters
Photo: Getty Images