0

မြန်မာပြည် အာမခံ ဈေးကွက်သို့ နိုင်ငံခြား အာမခံ ကုမ္ပဏီများမှ ကန်ဒေါ်လာ သန်း ၁၂၀ ထပ်မနည်း ရင်းနှီးမြုပ်နှံလာ

Share

photo: pexels

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံခြားအာမခံကုမ္ပဏီများကို နိုင်ငံတွင်း အာမခံဈေးကွက်အတွင်း လုပ်ငန်းများလုပ်ကိုင်နိုင်ရန်ခွင့်ပြုခဲ့သည်။ ထို့နောက် နိုင်ငံခြားအာမခံကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်လာကြပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဝန်းကျင်ခန့်နှင့် မြန်မာကျပ်ငွေ ဘီလျံ ၆၀ ခန့် ရှိသည်ဟု ဆိုသည်။
၂၀၁၉ ခုနှစ်အတွင်းက စီမံ၊ဘဏ္ဏာဝန်ကြီးဌာနက နိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီကြီး ၅ ခုနှင့် နိုင်ငံခြားသား-မြန်မာ နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်း လုပ်ကိုင်သော Joint Venture အာမခံလုပ်ငန်းများကိုလည်း ခွင့်ပြုခဲ့သည်။
နိုင်ငံခြားသားပိုင်ဆိုင်မှု (ရာနှုန်းပြည့်) ဖြစ်သည့် အသက်အာမခံ လုပ်ငန်းကြီးများမှာ AIA, Chubb, Dai-ichi, Manulife နှင့် Prudential တို့ဖြစ်ကြပြီး ယင်းလုပ်ငန်းကြီးတို့၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၆၅ သန်းခန့်ရှိပြီး၊ အခြား နိုင်ငံခြားသား-မြန်မာ ဖက်စက်လုပ်ကိုင်သော အသက်အာမခံလုပ်ငန်း ၃ ခုမှာ Capital Taiyo Life, CB Life နှင့် GGI Nippon Life တို့ဖြစ်ကြ၍ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၃၄ သန်းခန့်နှင့် မြန်မာကျပ်ငွေ ၁၀ ဘီလျံ တို့ ဖြစ်ကြသည်။
အခြား Non-life Insurance Sector တွင်လည်း နိုင်ငံခြားသား-မြန်မာ ပူးပေါင်းဆောင်ရွက်သည့် AYA Sompo, GGI Tokio Marine နှင့် KBZ MS တို့ လုပ်ကိုင်နေကြပြီး လုပ်ငန်းထည့်ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ ၂၆ သန်း နှင့် မြန်မကျပ်ငွေ ၆၅ ဘီလျံ ဖြစ်သည်ဟု သိရသည်။

source: asianinsurancereview

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ Orio Economics

%d bloggers like this: