အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွါးရေးနိုင်ငံ အင်ဒိုနီးရှားတွင် စည်းမျဉ်းသစ်အဖြစ် TikTok social media app ၌အွန်လိုင်းဈေးရောင်းချခြင်းအား တားမြစ်လိုက်ပြီဖြစ်သည်။ ပြင်ပဈေးဆိုင်များနှင့် လက်လီအရောင်းဆိုင်များကို ကာကွယ်ပေးရန် အတွက် စည်းမျဉ်းသစ်ချမှတ်ခြင်းဖြစ်သည်ဟုအစိုးရကဆိုသည်။
အင်ဒိုနီးရှားသည် ၂၀၂၁ တွင် app ပေါ်၌ ရောင်းဝယ်ဖောက်ကားခြင်း e-commerce services ကိုစတင်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်ပြီး TikTok Shop အတွက်အကြီးဆုံးဈေးကွက်တစ်ခုဖြစ်လာခဲ့သည်။ နိုင်ငံတွင်း၌ TikTok ၏နံမည်ကြီး feature တစ်ခုဖြစ်သည့် shopping feature ကိုခွဲထုတ်တော့မည်ဟု ပြီးခဲ့သည့်အပတ်က အစိုးရကကြေညာခဲ့သည်။ ယင်းစည်းမျဉ်းအတိုင်းလိုက်နာရန် နိုင်ငံတွင်းရှိ social media platforms များမှာ ၁ ပတ်ခန့်အချိန်ယူခဲ့ရပြီး အချို့ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလိုင်စင်ပင် ဆုံးရှုံးနိုင်ချေရှိကြောင်း ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan ကဆိုသည်။ အဆိုပါကြေညာချက်သည် သမ္မတ Joko Widodo က အွန်လိုင်းရှော့ပ်များနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သမ္မတက e-commerce နှင့် ပတ်သက်၍ သတိထားဖို့လိုကြောင်း၊ ကန့်သတ်ချက်တွေ ရှိတာဟာ အလွန်ကောင်းပေမယ့် စည်းကမ်းသတ်မှတ်ချက်လုံးဝမရှိပါက အန္တရာယ်အဖြစ် ပြောင်းလဲလာနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၌ အွန်လိုင်းလက်လီရောင်းချမှုမှာ လွန်ခဲ့သောနှစ်အနည်းငယ်က စ၌ တဟုန်ထိုး တိုးတက်လာခဲ့သည်။ အွန်လိုင်းပေါ်မှရောင်းအား သည် ၂၀၁၈ ခုနှစ်ထက် ၆ ဆ တိုးတက်ခဲ့ပြီး လာမည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ အထိရှိသည်ဟု နိုင်ငံတေ်ဗဟိုဘဏ်ကဆိုသည်။
အဆိုပါဈေးကွက်အတွင်း TikTok Shop နှင့်အတူ Tokopedia, Shopee နှင့် Lazada တို့ပါဝင်သည်။ လူဉီးရေ ၂၇၈ သန်းထက်မနည်းရှိနေသည့် အင်ဒိုနီးရှားတွင် TikTok users ပေါင်း ၁၂၅ သန်းရှိပြီး sellers ၆ သန်း TikTok Shop သုံးကာ ပစ္စည်းအရောင်းမြှင့်တင်ပေးသည့် creators ပေါင်း သန်းနှင့်ချီရှိသည်။ ဇွန်လအတွင်းတွင် TikTok CEO Shou Zi Chew က အင်ဒိုနီးရှားသို့လာရောက်လည်ပတ်ခဲ့ပြီး လာမည့် ၃ နှစ်မှ ၅ နှစ်တွင်း ဒေါ်လာ ဘီလီယံများစွာ ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်ပြုခဲ့သေးသည်။
နိုင်ငံတကာမှ အွန်လိုင်းလက်လီရောင်းချသူ ကြီးထွားလာမှုသည် မြေပြင်ပေါ်ရှိ ဒေသတွင်းစတိုးဆိုင် ပိုင်ရှင်များအပေါ် ကြီးမားသော သက်ရောက်မှုများရှိနေသည်။ အင်ဒိုနီးရှားနိုင်ငံ စီးပွါးရေးတစ်ခုလုံး၏ ၃ ပုံ ၂ ပုံနီးပါးကို ကိုယ်စားပြုနေသည့် အသေးစားနှင့်အလတ်စား လုပ်ငန်းပေါင်း ၆၄ သန်းကျော် ရှိသည်ဟု အစိုးရ အချက်အလက်များက ဖော်ပြထားသည်။
ယခုစည်းမျဉ်းသစ်မှာ အမေရိကန်၊ ဗြိတိန်နှင့် ဉရောပယူနီယံ ပါလီမန်များက တားမြစ်ပိတ်ပင်ခြင်း ခံနေရသည့် TikTok အတွက် နောက်ထပ်ထိုးနှပ်ချက် တစ်ခုဖြစ်လာခဲ့သည်။
ကူးယူဖော် ပြခြင်း ခွင့်မပြုပါ။
Source: CNBC, ABC News, BBC
Photo: Getty Images