ပထဝီနိုင်ငံရေးအနေအထားအရ တရုတ်နှင့်ရုရှားတို့ အထီးကျန်စွာတည်ရှိမှုကို အခွင့်ကောင်းယူ၍ အိန္ဒိယက SpaceX နှင့်အပြိုင် ယုံကြည် စိတ်ချရသော အခြားရွေးချယ်မှု တစ်ခုအဖြစ် သူ့ကိုသူပုံဖော်ကာ အာကာသနယ်ပယ်ကို တဖြေးဖြေးဝင်ရောက် လွှမ်းမိုးလာနေပြီဖြစ်သည်။
ပြီးခဲ့သည့်လက နိုင်ငံပိုင် NewSpace India မှ ဗြိတိန်အင်တာနက်ဆက်သွယ်ရေးကုမ္ပဏီ OneWeb Ltd အတွက်ဆက်သွယ်ရေး ဂြိုလ်တု သုံးဒါဇင်ခန့်ကို အရှေ့ကန်းရိုးတန်းမှနေ၍ လွှတ်တင်ပေးခဲ့သည်။ ယင်းလွှတ်တင်မှုသည် Starlink ၏ပြိုင်ဖက် UK satellite company အား ကမ္ဘာလုံးဆိုင်ရာ broadband internet network ချဲ့ထွင်ရေးအတွက် ကူညီပေးခဲ့ရုံသာမကပဲ အိန္ဒိယ အတွက် အာကာသနယ်ပယ်၌ သူ၏ ကြီးမားသောအိမ်မက်တစ်ခုကို ချပြလိုက်ခြင်းလည်း ဖြစ်ပေသည်။
Reference: Space.com, OneWeb, Bloomberg
Photo: Getty Images