အိန္ဒိယအစိုးရခွင့်ပြုချက်အရ ဆိပ်ကမ်း၌ ပိတ်မိနေသော (ဘာစမာတီဆန်) မဟုတ်သည့် ဆန်ဖြူများကို နိုင်ငံခြားသို့ တင်ပို့ခွင့်ပြုခဲ့ကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။
အိန္ဒိယသည် ဇူလိုင်လ ၂၀ ရက်နေ့ကစ၍ ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် ဘာစမာတီ မဟုတ်သော ဆန်တင်ပို့ခွင့်ကို တားမြစ်ထားခဲ့သည်။ ထိုပိတ်ဆို့မှုကြောင့် ဆိပ်ကမ်း၌ တန်ချိန် သိန်းနှင့်ချီသော ဆန်များ ပိတ်မိနေခဲ့ပြီး ဆန်ကုန်သည်များကို အကြပ်ရိုက်စေခဲ့သည်။ ယခုခွင့်ပြုချက်ရရှိပြီးနောက် ဆန်တန်ချိန် ၁သိန်းခွဲခန့် တင်ပို့နိုင်လိမ့်မည်ဟု အိန္ဒိယဆန်ကုန်သည်များ အသင်းကဆိုသည်။
အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှုစုစုပေါင်း၏ ၄၀% ရှိနေပြီး အာရှ၊ အာဖရိက အပါအဝင် နိုင်ငံပေါင်း ၁၅၀ သို့ အဓိက တင်ပို့လျက်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် နယူးဒေလီက တန်ချိန် ၂၂.၂ သန်း စံချိန်တင် တင်ပို့ခဲ့သည်။
အိန္ဒိယအစိုးရက ပြည်တွင်းဆန်ဈေးနှုန်းကို ထိန်းချုပ်ရန် ပြည်ပဆန်တင်ပို့ခွင့် တားမြစ်ခဲ့ပြီး၊ ပြန်လည် ခွင့်ပြုပေးချိန်တွင် အခွန် ၂၀ ရာခိုင်နှုန်းချမှတ်ထားသည်။ အိန္ဒိယက ဆန်တင်ပို့မှုကို ကန့်သတ်လိုက်ခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးအပေါ် ဖိအားများ တိုးလာစေခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: Getty Images