တကမ္ဘာလုံးသို့ကူးစက်ပျံနှံ့နေသည့် ကိုရိုနားဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး လှုပ်ရှားမှုသည် ၂၀၂၁ နှစ်ကုန်ပိုင်းထိ ပြန်လည်နလံထူနိုင်ဦးမည်မဟုတ်ဟု ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (International Monetary Fund) ၏ ဘောဂဗေဒပညာရှင် Gita Gopinath ကဆိုသည်။
ယခုအပတ်တွင် ရန်ပုံငွေသည် ခန့်မှန်းထားသည့်အတိုင်း ကျဆင်းသွားခဲ့သည်။ ကမ္ဘာ့စီးပွားရေးသည် လာမည့်နှစ်တွင် ၅.၈% မတိုးတက်မီ ၃%ကြုံ့မည်ဟု ခန့်မှန်းထားခြင်းသည် တစိတ်တပိုင်း နလံပြန်ထူခြင်းဟု Gopinath က ဆိုသည်။
“၂၀၂၁ မှာစီးပွားရေး ၅.၈% တိုးတက်အောင် ပြုလုပ်မည့် ပရောဂျက် ကျွန်မတို့မှာ ရှိနေပါတယ်။ ဒါပေမဲ့ တစိတ်တပိုင်းသာ တိုးတက်လာမှာဖြစ်ပါတယ်” လို့ပြီးခဲ့သည့် သောကြာနေ့က CNBC ၏ Squawk Box Asia တွင် သူမကပြောကြားခဲ့သည်။
“၂၀၂၁ နှစ်ကုန်ပိုင်းရောက်သည်အထိ ကမ္ဘာ့စီးပွားရေး လှုပ်ရှားမှုသည် ဗိုင်းရပ်စ် မဖြစ်မီ လျာထားတဲ့ ပရောဂျက်လှုပ်ရှားမှု ထက်နည်းလိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ထားတယ်” ဟုသူမက ဆိုသည်။
ကူးစက်မှုအလွန်မြန်ဆန်သည့် ကိုရိုနားဗိုင်းရပ်စ်သည် တကမ္ဘာလုံး လူဦးရေ ၂သန်းအား ရောဂါကူးစက်စေခဲ့ပြီး ကမ္ဘာ့စီးပွားရေးလှုပ်ရှားမှုကို များစွာရပ်တန့်သွားစေမည့် ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများအား ပိတ်သိမ်းစေခဲ့ရသည်။
ကမ္ဘာအရပ်ရပ်ရှိ အစိုးရနှင့် ဗဟိုဘဏ်များက ယခုစီးပွားရေးပျက်ကပ်အတွင်း စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ ရုန်းကန်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးမှုများ ပြုလုပ်ပေးနေရသည်။
ပြီးခဲ့သည့် ကမ္ဘာ့ဘဏ္ဏာရေးပျက်ကပ်ကြီးနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုလုပ်ဆောင်ချက်တွေက ပိုမိုမြန်ဆန်ပြီး အကျိုးသက်ရောက်မှု များစွာရှိသည် ဟု သူမကဆိုသည်။ ကမ္ဘာတဝှမ်းရှိ စီးပွားရေးတက်ရန် အားပေးလှုံဆော်သည့်အနေဖြင့် အမေရိကန်ဒေါ်လာ ၈ တြီလျံသုံးစွဲခဲ့ကြောင်း ကြေညာခဲ့သည်။
၇ ထြီလျံခန့်သည် G-20 နိုင်ငံများမှ လာတာဖြစ်ပြီး ယင်းပမာဏသည် ညီညီမျှမျှခွဲဝေဖြန့်ဖြူးခဲ့ခြင်း မဟုတ်ကြောင်း သူမကဆိုသည်။
ငွေကြေးအင်အားမရှိသည့် ဖွံဖြိုးဆဲ စီးပွားရေးလုပ်ငန်းများကိုသာ ပိုမိုအလေးပေးရန်နှင့် ဖွံဖြိုးဆဲ စီးပွားရေးလုပ်ငန်းများသည် ပိုမိုကိုင်တွယ်ရန်ခက်ခဲပြီး စိန်ခေါ်မှုများစွာရှိကြောင်း သူမက ထည့်သွင်းပြောဆိုခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC news