Huawei ကချစ်ပ်ထုတ်လုပ်ရေး စက်ရုံနှင့် နက်ဝက်များ လျှို့ဝှက်တည်ဆောင်နေ

Share

Huawei Technologies ကုမ္ပဏီကြီးသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကို ရှောင်ရှားနိုင်ရန် တရုတ်ပြည်၌ semiconductor ပစ္စည်းထုတ်လုပ်ရေးနှင့်ပတ်သက်၍ လျှို့ဝှက် စက်ရုံနှင့်အဆက်အသွယ်များဖန်တီးလျက်ရှိကြောင်း ဝါရှင်တန် အခြေစိုက် semiconductor လုပ်ငန်းအသင်းက သတိပေးထားသည်။

တရုတ်နည်းပညာကုမ္ပဏီကြီးသည် ယခင်နှစ်က ချစ်ပ်ပြားထုတ်လုပ်ရေးလုပ်ငန်းသို့ ဝင်ရောက်လာခဲ့ပြီး အစိုးရထံမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်‌‌ဒေါ်လာ ၃၀ ဘီလီယံရရှိခဲ့ကာ စက်ရုံ ၂ ရုံကို ဝယ်ယူလျက် နောက်ထပ် စက်ရုံ ၃ ခုအား ဆောက်လုပ်လျက်ရှိသည်ဟု ယင်းအသင်းကဆိုသည်။

အမေရိကန်၏ကုန်သွယ်ရေးဌာန (U.S Commerce Department) က Huawei အား လုံခြုံရေး အကြောင်းပြချက်ဖြင့် ၂၀၁၉ ခုနှစ်တွင် သွင်းကုန် ကုန်သွယ်မှု ပိတ်ဆို့ အရေးယူထားပြီး အချက်အလက် လုံခြုံရေးအရ အလွန်စိုးရိမ်ဖွယ်အဆင့်အဖြစ် သတ်မှတ်ထားသည်။

Huawei သည် Semiconductor Industry Association ကစွပ်စွဲထားသည့်အတိုင်း အခြားကုမ္ပဏီနံမည်များအောက်တွင် ထုတ်လုပ်ရေးစက်ရုံများနှင့် နက်ဝက်များ အမှန်အကန် တည်ဆောက်နေကြောင်းမှန်ကန်ပါက အမေရိကန်အစိုးရ၏ ကန့်သတ်ချက်များကို သွယ်ဝိုက်ကာ တဖက်လှည့်ဖြင့် အမေရိကန်ထံမှ ချစ်ပ်ထုတ်လုပ်သည့် ကိရိယာများဝယ်ယူနိုင်လိမ့်မည်ဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source Bloomberg Business News
Photo: Getty Images

%d bloggers like this: