0

ပြည်သူ့အချစ်တော် ဂါဖီးကြောင်ကလေး ဘယ်လောက်တန်သလဲ?

Share

ရွှေဝါရောင်ကြောင်ဖက်တီးလေးတကောင်ဖြစ်တဲ့ Garfield ဟာ သူရဲ့ချစ်စရာအမူအရာ၊ ဗိုက်လုံးလုံးလေးနဲ့ တလွဲတွေချည်းလုပ်တတ်ပြီး အမြဲရယ်နေရတာကြောင့် အမေရိကန်ပြည်သူများသာမက တကမ္ဘာလုံးရဲ့အချစ်ကို ဖမ်းစားနိုင်ခဲ့သူဖြစ်ပါတယ်။
ကာတွန်းရုပ်ပြကစပြီး ရုပ်ရှင်ဇာတ်ကားနဲ့ တယ်လီဗေးရှင်း ရှိုးတွေအထိအောင်မြင်ခဲ့တဲ့ ကြောင်ကလေး Garfield ပါဝင်တဲ့ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာဟာ ဒေါ်လာသန်းပေါင်းများစွာ ဒါမှမဟုတ် ဘီလျံချီပြီးတော့တောင် တန်ကြေးရှိပါတယ်။ ဒါဆိုရင် Garfield ကြောင်ကလေးကိုယ်တိုင်က ဘယ်လောက်တန်ပါသလဲ ?

Comics & Merchandise
Garfield ရဲ့ရှေးအကျဆုံး ရုပ်ပြကာတွန်းဟာ ၁၉၇၆ ခုနှစ် အင်ဒီယားနားရဲ့ Pendleton Times-Post သတင်းစာမှာ Jon လို့အမည်ရတဲ့ စီးရီးအောက်မှာ ပါဝင်ခဲ့ပေမဲ့ တရားဝင် Garfield ရုပ်ပြကာတွန်းကို ၁၉၇၈ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ Garfield ကိုရေးဆွဲဖန်တီးဖို့ အချိန်တစ်နှစ်ကျော်ကြာမြင့်ခဲ့ပေမဲ့ ၂၀၀၄ ခုနှစ်မှာတော့ နေ့စဉ် သတင်းစာပေါင်း ၂၆၀၀ ပေါ်မှာပါဝင်ခဲ့တာကြောင့် အအောင်မြင်ဆုံးအချိန်လို့ Licensing International ရဲ့ report အရ သိရှိရပါတယ်။
ဖန်တီးသူပေါင်း ၁၁၀၀၀ ကျော်နဲ့ရေးဆွဲထားတဲ့ Garfield ရုပ်ပြကာတွန်းကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်မှာ ဒါးလတ်စ် အခြေစိုက်ရှေးဟောင်းအမွေအနှစ် လေလံဌာနမှာ ရောင်းချဖို့ဖြစ်လာခဲ့ပါတယ်။ လေလံဌာနရဲ့ရုပ်ပြကာတွန်း အကဲဖြတ်သူတစ်ဦးဖြစ်တဲ့ Brian Wiedman က နေ့စဉ်ထုတ်ဝေနေတဲ့ Garfield ရုပ်ပြကာတွန်းဟာ ဒေါ်လာ ၅၀၀ မှ ၇၀၀ ထိရောင်းချခဲ့ရကြောင်း၊ တနင်္ဂနွေနေ့ထုတ် Garfield ကာတွန်း ဇာတ်လမ်းရှည်ကိုတော့ ဒေါ်လာ ၁၅၀၀ မှ ၃၀၀၀ ထိရောင်းချနိုင်ခဲ့ကြောင်း ဆိုပါတယ်။
အလွန်ချစ်စဖွယ်ကောင်းတဲ့ character ရှိတဲ့ Garfield ကြောင်ဇာတ်ကောင်ဟာ တစ်နှစ်လျှင်ရောင်းအား အမေရိကန်ဒေါ်လာ သန်း ၇၅၀ မှ ၁ ဘီလျံထိရှိပါတယ်။

Garfield Movies
ကျော်ကြားလှတဲ့ရွှေဝါရောင်ကြောင်ကလေး ပါဝင်တဲ့ ရုပ်ရှင်ထုတ်လုပ်မှု ဇာတ်လမ်းစုစုပေါင်း ၅ခုရှိပြီး ၂ ခုကိုတော့ Twentieth Century Fox ကထုတ်လုပ်ခဲ့ကာ၂၀၀၄ နဲ့ ၂၀၀၆ ခုနှစ်မှာ အသီးသီးထုတ်လွှင်ခဲ့ပါတယ်။
အဲဒီရုပ်ရှင် ၅ ကားစလုံးရဲ့စုစုပေါင်းဝင်ငွေဟာ ဒေါ်လာ ၃၆၂.၇ သန်းကျော်ရရှိခဲ့ပါတယ်။

Garfield (2004)
Worldwide Box Office: $203,172,417

Garfield: A Tail of Two Kitties (2006)
Worldwide Box Office: $143,325,970

Garfield Gets Real (2007)
Worldwide Box Office: $1,726,453

Garfield’s Fun Fest (2008)
Worldwide Box Office: $3,068,511

Garfield’s Pet Force (2009)
Worldwide Box Office: $11,445,294

Television
၁၉၈၂ ခုနှစ်နဲ့ ၁၉၉၁ ခုနှစ်ကြားမှာတော့ ငွေရောင်ပိတ်ကားပေါ်မှာမဟုတ်ပဲ Garfield ကို တီဗီပေါ်မှာ ကြည့်ရှုသူဦးရေးအများဆုံး prime-time television ထုတ်လွှင်ပြသမှု ၁၃ ကားရှိခဲ့ပြီး ၄ ကားကတော့ Emmy ရုပ်ရှင်ထူးချွန်ဆုများ ရရှိခဲ့ပါတယ်။
• Here Comes Garfield (1982)
• Garfield on the Town (1983, Emmy-winning)
• Garfield in the Rough (1984, Emmy-winning)
• Garfield’s Halloween Adventure (1985 Emmy-winning)
• Garfield in Paradise (1986)
• Garfield Goes Hollywood (1987)
• A Garfield Christmas (1987)
• Happy Birthday, Garfield (1988)
• Garfield: His 9 Lives (1988)
• Garfield’s Babes and Bullets (1989, Emmy-winning)
• Garfield’s Thanksgiving (1989)
• Garfield’s Feline Fantasies (1990)
• Garfield Gets a Life (1991)

Jim Davis ရဲ့အသားတင်တန်ဖိုး
Garfield တီထွင်သူဖခင်ကြီး Jim Davis ဟာ ခန့်မှန်းခြေ အသားတင် အမေရိကန်ဒေါ်လာ သန်း၈၀၀ ပိုင်ဆိုင်ပါတယ်။ အသက် ၇၄ နှစ်အရွယ် ကာတွန်းရေးဆွဲသူ Jim Davis ဟာ သူရဲ့အကောင်းဆုံးလက်ရာဖြစ်တဲ့ Garfield ကာတွန်းရုပ်ပြကြောင့် နံမည်ကြီးလာခဲ့ပြီး တီဗီရှိုးနဲ့ရုပ်ပြဇာတ်လမ်းတွေ အများအပြားထုတ်လွှင့်ခွင့်ရရှိခဲ့ပါတယ်။ Garfield အပြင် အခြားကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့ “Tumbleweeds”, “Gnorm Gnat” နဲ့ “Mr. Potato Head” တို့ကိုလဲ ရေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် တီဗီနဲ့ ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးမှုတွေလဲ ပြုလုပ်ခဲ့ပါသေးတယ်။

David ဟာ သတင်းစာတွေပေါ်မှာ Garfield ရုပ်ပြကာတွန်းအကျိုးတူထုတ်လုပ်မှုစာချုပ်ကနေ တဦးတည်းလိုင်စင်မူပိုင်ခွင့်ကို United Media မှ ၁၉၉၄ ဧပြီမှာ ခန့်မှန်းတန်ဖိုးဒေါ်လာ သန်း၂၀ ခန့်နဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Foxbusiness
Photo: wikipedia

%d bloggers like this: