Grab ကအလုပ်အကိုင်ပေါင်း ၁၀၀၀ ဖြုတ်ချ

Share

အရှေ့တောင်အာရှတွင် ထိပ်တန်းအငှားယာဉ်နှင့် အစားအသောက်ပို့ဆောင်သည့် App ဖြစ်သည့် Grab သည် ၎င်း၏ဝန်ထမ်း ၁၁% (အလုပ်အကိုင်ပေါင်း ၁၀၀၀) လျှော့ချမည်ဖြစ်ကြောင်း ကြေညာထားသည်။ အလုပ်အကိုင်များဖြတ်တောက်ပစ်ရခြင်းသည် လုပ်ငန်းကုန်ကျစရိတ်များကို လျှော့ချရန်နှင့် ရေရှည်တွင် Grab ၏ သက်သာသောဝန်ဆောင်မှုများပေးစွမ်းနိုင်စေဖို့ ဖြစ်ကြောင်း ကုမ္ပဏီ၏ CEO ဖြစ်သူ Anthony Tan ကဆိုသည်။

စင်္ကာပူအခြေစိုက် Grab သည် အရှေ့တောင်အာရှနိုင်ငံပေါင်း ၈ နိုင်ငံ၌ လည်ပတ်လျက်ရှိပြီး ပို့ဆောင်မှု၊ အငှါးယာဉ် ဝန်ဆောင်မှုနှင့် ငွေကြေးဝန်ဆောင်မှုများ အပါအဝင် အခြားဝန်ဆောင်မှုများစွာ ပေးလျက်ရှိသည်။ 2018 ခုနှစ်တွင် Grab က အရှေ့တောင်အာရှ ဒေသတွင်း၌ Uber လုပ်ငန်းဈေးကွက်နေရာကို ရယူခဲ့သည်။

Grab ၏လုပ်ငန်း သဘောအရ နည်းပညာသစ်များ၏ ရိုက်ခတ်မှုများ၊ Generative AI ကဲ့သို့သော နည်းပညာတိုးတက်မှု အရှိန်အဟုန်နှင့် ကုန်ကျစရိတ်မြင့်တက်လာခြင်း စသည့် လုပ်ငန်းအပေါ်သက်ရောက်နေသည့် အချက်အလက်နှင့် အကြောင်းရင်းများကို CEO ဖြစ်သူ Tan က အလေးပေးပြောကြားခဲ့သည်။

Grab ၏နောက်ဆုံး အလုပ်အကိုင်ဖြတ်တောက်မှုမှာ ၂၀၂၀ ခုနှစ်ကဖြစ်ပြီး ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့်ဟုဆိုသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က New York စတော့အိတ်ချိန်း၌ Grab ရှယ်ယာများသည် 1.2% ကျဆင်းသွားသည်

Grab ၏ဝန်ထမ်းအင်အား လျှော့ချခဲ့သလိုမျိုး ၄င်း၏ ဒေသတွင်းပြိုင်ဘက် GoTo၊ ယူကေရှိ အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီ Just Eat နှင့် US တက်စ်စီ App – Lyft တို့အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးကုမ္ပဏီများမှာလည်း အလားတူ ဝန်ထမ်းလျှော့ချခြင်းတို့ ပြုလုပ်လျက်ရှိသည်။

%d bloggers like this: