0

ဥရောပ၏ Privacy rules များကို လေးစားရန် Google သတိပေးခံရ။

Share

Apple မှဖန်တီးနေသည့် ကိုရိုးနားဗိုင်းရပ်စ်ထောက်လှမ်းသည့် apps များနှင့် ပတ်သက်၍ ဥရောပ၏ data privacy rules များအားလေးစားလိုက်နာရန် Google အားသတိပေးထားသည်။

Tech giants ကြီး၂ခုဖြစ်သည့် Apple နှင့် Google တို့အတူ ပူးပေါင်းကာ Bluetooth technology ကိုအသုံးပြုထားသော ကိုရိုးနားဗိုင်းရပ်စ်ပျံ့ပွားသည့် တည်နေရာများအား ထောက်လှမ်းနိုင်သည့် application တခုဖန်တီးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ကြေညာခဲ့သည်။ သို့သော်လည်း ယင်း technology ကမှတဆင့် လူတဦးတယောက်ချင်းစီ၏ data အချက်အလက်များ ပေါက်ကြားနိုင်သည့် စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

Contact tracing app သည် ဗိုင်းရပ်စ်ပျံ့ပွားမှုကို ထောက်လှမ်းနိုင်ရန် အသုံးဝင်သည့် app တခုဖြစ်သော်လည်း ဖန်တီးထုတ်လုပ်သူတို့က Privacy အား တာဝန်ယူမှုနှင့် လေးစားမှုရှိရန်လိုအပ်ကြောင်း EU ၏ကော်မရှင်နာဖြစ်သူ Thierry Breton ကဆိုသည်။

Data privacy စည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ ဥရောပက ရှေ့တန်းမှအမြဲရှိနေသည်။ General Data Protection Regulation (GDPR) ဟုအမည်ရသည့် data privacy အားအကာအကွယ်ပေးသည့် စည်းကမ်းသတ်မှတ်ချက်အား EU က ပြီးခဲ့သည့် မေလ ၂၀၁၈ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး အခြားနိုင်ငံတော်တော်များများတွင်လည်း အခြေခံလိုက်နာရမည့် စည်းမျဉ်းအဖြစ် လုပ်ဆောင်ခဲ့သည်။

နိုင်ငံများအနေနှင့် mobile contact-tracing apps များနှင့်ပတ်သက်၍ မည်ကဲ့သို့ချဉ်းကပ်ရမည်ကို ဖော်ပြထားသည့် စာတမ်းတခုအား ဥရောပကော်မရှင်မှ ထုတ်ခဲ့သေးသည်။

ထိုစာတမ်းတွင် နည်းပညာကုမ္ပဏီများ အနေနှင့် EU ၏ ပြည်သူများ၏ကိုယ်ပိုင် အချက်အလက်များအား အကာအကွယ်ပေးသော စည်းမျဉ်းစည်းကမ်းများဖြစ်သည့် data protection and privacy rules များကို အပြည့်အဝလေးစား လိုက်နာမှုရှိရမည် ဟူသည့် guidelines များပါဝင်သည်။

Covid-19 outbreak ကြောင့် contract tracing apps များသည် နည်းပညာကုမ္ပဏီများနှင့် Privacy အားအလွဲသုံးစားလုပ်မည်ကို စိုးရိမ်ပူပန်နေကြသော ဥပဒေပြဌာန်းသူများ အကြား ထပ်မံ ဗျာများအောင် ပြုလုပ်နေပြန်သည်။

ဂျာမနီနိုင်ငံတွင် အာဏာပိုင်များကိုယ်တိုင် နည်းပညာလုပ်ငန်းများနှင့် အတူ ပူးပေါင်းဆောင်ရွက်ကာ စောင့်ကြည့်လျက်ရှိပြီး Privacy အတွက်ထောက်ခံသူများကတော့ apps အသစ်ကို လွယ်လွယ်အသုံးမပြုသင့်ကြောင်း ပြည်သူများအား သတိပေးလျက်ရှိသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC news

%d bloggers like this: