ကမ္ဘာ့စီးပွားရေး တဖြည်းဖြည်းနလန်ထူလာပြီး စတော့ဈေးများခုန်တက်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများသည် အမေရိကားတွင်ဖြစ်ပေါ်နေသည့် ကိုရိုးနားဗိုင်းရပ်စ် ဒုတိယလှိုင်းကြောင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ချီတုံချတုံဖြစ်လျက်ရှိကြသည်။
ဂျူလိုင်လ ၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့ရွှေဈေးသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း တစ်အောင်စလျှင် အမြင့်ဆုံးဒေါ်လာ ၁၈၀၀ သို့ရောက်ရှိလာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၀ ခုနှစ်တွင် ၁၉% နီးပါးမြင့်တက်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်မြင့်တက်လာသော ရွှေဈေးကြောင့် ဈေးကွက်ပြန်လည်ကောင်းမွန်လာမည်လားကိုတော့ အားလုံးကသိချင်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ယခုနှစ်စပိုင်းတွင် ဘဏ္ဍာရေးဈေးကွက်ဖိအားနှင့် စိုးရိမ်ပူပန်မှုများကြောင့် ရွှေဈေးခဏ ပြန်တက်လာတတ်ခဲ့ဖူးသောကြောင့်ဖြစ်သည်။
၂၀၀၈ ခုနှစ် Lehman Brothers ဒေဝါလီခံရပြီးနောက် ရွှေဈေးခဏတာ ထိုးကျခဲ့ပြီး ၂၀၀၉ ခုနှစ်အစောပိုင်းထိ ဈေးကွက်အေးခဲ့သည်။ ထို့နောက် Standard & Poor ၏ credit rating ကျဆင်းခဲ့ပြီးနောက် ရွှေဈေးသည် ၂၀၁၁ ခုနှစ်သမိုင်းတွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများက ရွှေဈေးအပေါ်သံသယများရှိနေသော်လည်း နည်းပညာကုမ္ပဏီကြီးများ၏ စတော့ဈေးများ ခုန်တက်လာခဲ့သောကြောင့် ယုံကြည်ချက်တခု ရရှိစေခဲ့သည်။
Federal Reserve ကဆက်လက်၍ အတိုးနှုန်းများအဆမတန်လျှော့ချထားဦးမည်ဆိုလျှင် ရွှေဈေးထပ်မံမြင့်တက်နိုင်ချေရှိကြောင်း Sparrow Capital Management ၏ ရင်းနှီးမြှုပ်နှံမှုကွျှမ်းကျင်သူ Gerald Sparrow ကဆိုသည်။ ဖယ်ဒရယ်သည် စီးပွါးရေးပြန်လည်ကောင်းမွန်လာစေရန်အတွက် ချေးငွေများပေးကာ ဈေးကွက်ထဲသို့ငွေသားများဝင်လာအောင် ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ဖြစ်လာပါက ဒေါ်လာတန်ဖိုး အားနည်းသွားစေပြီး ငွေကြေးဖောင်းပွမှုက ရွှေဈေးပိုကောင်းစေမည်ဖြစ်သည်။
Source: CNN Business
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။