အမေရိကန်နှင့်တရုတ် နိုင်ငံရေးတင်းမားမှု ပိုမိုပြင်းထန်လာခြင်း၊ ကိုရိုးနားဗိုင်းရပ်ကြောင့် အမေရိကန် စီးပွားရေး ရုန်းကန်နေခဲ့ရခြင်းတို့ကြောင့် ကမ္ဘာ့စတော့ဈေးကွက်မှာ ပြီးခဲ့သည့်သောကြောနေ့က သိသိသာသာကျဆင်းခဲ့သည်။
အမေရိကန်အာဏာပိုင်များက ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးအား ပိတ်သိမ်းခိုင်းပြီး ဆောင်ရွက်နေသည့်လုပ်ငန်းများ ရပ်ဆိုင်းရန်အမိန့်ထုတ်ခဲ့သည်။ ထို့နောက်တရုတ်အစိုးရကလည်းဘေဂျင်းက ချန်ဒုရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအား ပိတ်ရန်ပြန်လည် အမိန့်ထုတ်လိုက်ပြီးနောက် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ရှိဈေးကွက်ကျဆင်းကာ စာရင်းပိတ်ခဲ့သည်။
အမေရိကန်၏ စီးပွားရေးတိုးတက်မှုနှုန်း ပြန်တက်လာစေရန် ရုန်းကန်လျက်ရှိပြီး ၁၆ ပတ်အတွင်း အလုပ်လက်မဲ့နှုန်းအမြင့်ဆုံးရောက်ရှိခဲ့ပြီး အလုပ်လက်မဲ့ခံစားခွင့်ရယူမှုလည်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း အမေရိကန်အလုပ်သမားဝန်ကြီးဌာနမှ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။ လေကြောင်းလိုင်းခရီးစဉ်များလည်း လျော့ကျလျက်ရှိပြီး စားသောက်ဆိုင်နှင့် ရုပ်ရှင်ရုံသို့လာရောက်ရန် ဘွတ်ကင်တင်သူဦးရေမှာလည်း ဆိုးရွားစွာကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
အာရှနှင့် Wall Street ဈေးကွက်အခြေအနေ ဆိုးရွားမှုနောက်တွင် ဥရောပ စတော့သည်လည်း ပြီးခဲ့သည့်သောကြာနေ့က သိသိသာသာကျဆင်းကာ ဈေးကွက်ပိတ်ခဲ့ရသည်။
အာရှတွင် နည်းပညာစတော့များမှာ ဆုံးရှုံးမှုကြီးမားပြီး ဟောင်ကောင် listed share များဖြစ်သည့် Tencent နှင့် Alibaba တို့၏ စတော့များမှာ ၅.၈% နှင့် ၃.၆% အသီးသီးကျဆင်းခဲ့သည်။
အမေရိကန် အိမ်ဖြူတော်က တရုတ်နှင့ စီးပွားကူးသန်းနေသည့် အမေရိကန်ကော်ပရေးရှင်းများအား လွတ်ငြိမ်းခွင့်ပေးမည်ဆိုလျှင် နည်းပညာနယ်ပယ်မှစတော့များ ပြန်တက်လာဖွယ်ရှိသည်ဟု AxiCorp မှ global chief market strategist ဖြစ်သူ Stephen Innes ကဆိုသည်။ အမေရိကန်နည်းပညာကုမ္ပဏီကြီးများမှာ တရုတ် – အမေရိကန် တင်းမာမှုအတွင်း ကြားညပ်နေကြောင်းသူက ဆိုသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNN Business
Photo: TRT World