0

Gap ကရောင်းမကုန်သည့်အဝတ်အထည်များကြောင့် risk များပြီးစွန့်စားရသည့်နည်းဗျူဟာ သုံးမည်

Share

အဝတ်အထည် ဖက်ရှင် Chain ကြီး GAP (GPS) သည် ဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရောင်းမထွက်ခဲ့သည့် ရာသီလွန် အဝတ်အထည်များကို ရောင်းထုတ်ရန် အန္တရာယ်များသော နည်းဗျူဟာကို အသုံးချမည်ဖြစ်သည်။

ထိုနည်းဗျူဟာမှာ “pack and hold” ဆိုသည့် ရောင်းမထွက်သည့်အထည်များကို ထုတ်ပိုးသိမ်းဆည်းထားပြီး သိုလှောင်ထားဖို့ပဲ ဖြစ်သည်။

လက်လီဆိုင်များက နွေရာသီနှင့် ဆောင်းဦးအထည်များကို စတိုးဆိုင်ပေါ်မတင်တော့ပဲ သိမ်းဆည်းပြီး လာမည့်၂၀၂၁ ခုနှစ်ရာသီမရောက်ခင်အထိ သိုလှောင်သိမ်းဆည်းထားမည်ဖြစ်သည်။ အဆိုပါရောင်းကုန်များတွင် Gap ၏ အမည်ခွဲများဖြစ်သည့် Banana Republic, Old Navy နှင့် Athleta တို့တွင် တခါမှမတင်ဖုူးသော ရောင်းကုန်များလည်းပါဝင်သည်။ အဆိုပါ ရောင်းမကုန်ခဲ့သည့် အထည်များအား ပုံမှန်ဈေး (သို့မဟုတ်) လျှော့ဈေးဖြင့်ရောင်းချမလားကိုတော့ Gap က အတိအကျ ကြေငြာထားခြင်းမရှိပေ။

“စတိုးဆိုင်တွေ ပိတ်ထားရတဲ့အတွက် ရောင်းမကုန်တဲ့ နွေရာသီနဲ့ ဆောင်းဦးအထည်တွေကို ထုတ်ပိုး သိမ်းဆည်း သိုလှောင်တဲ့ စနစ်ကို ကျွန်မတို့ စတင်အကောင်အထည်ဖော်နေပါတယ်။ ရာသီဖက်ရှင်တွေကတော့ လာမဲ့နှစ် ရာသီချိန်မရောက်မီအထိ ရောင်အားကျနေမယ်လို့လဲ ခန့်မှန်းထားပါတယ်” ဟု Gap ၏ ဘဏ္ဍာရေးအရာရှိ Katrina O’Connell ကဆိုသည်။ Gap သည် သက်တမ်း ၅၁ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၉၃၂ သန်း စံချိန်တင် ဆုံးရှုံးခဲ့သည်။

မြောက်အမေရိကားတွင် Banana Republic, Old Navy နှင့် Athleta စသည့်အမည်ခွဲများဖြင့် ဆိုင်ခွဲပေါင်း ၂,၇၅၀ ကျော် ရောင်းချနေသော Gap သည် မတ်လ ၁၉ ရက်နေ့မှစ၍ စတိုးဆိုင်၏ ၉၀%ကို ယာယီပိတ်ထားခဲ့ပြီး ယခု ဆိုင်ပေါင်း ၁၅၀၀ အားပြန်လည်ဖွင့်လှစ်ထားသည်။

“ရောင်းမထွက်သည့်ပစ္စည်းများကို ယခုနှစ် ဆိုင်ပေါ်တင်မည့်အစား နောက်ရာသီအတွက် သိမ်းဆည်းထားခြင်းက စရိတ်ပိုသက်သာစေသောကြောင့် Gap အတွက် ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်ပြီး Customers များကိုဆွဲဆောင်ဖို့ အကြီးအကျယ်ဈေးချ ရောင်းရန်ရှိသည်” ဟု O’Connell ကဆိုသည်။

“ဒီနည်းက ပုံမှန်လုပ်လေ့လုပ်ထမရှိပဲ risk များတဲ့ နည်းလမ်းတခု” ဟု NPD group မှဈေးကွက်လေ့လာသူ Marshal Cohen က မှတ်ချက်ပေးခဲ့သည်။

“Retailer ကိုယ်တိုင်ကလွဲပြီး Gap ရဲ့နွေရာသီနဲ့ဆောင်းဦးဖက်ရှင်ကို ဘယ်သူကမှ မမြင်မှသာ ဒီနည်းလမ်းက အလုပ်ဖြစ်လိမ့်မယ်။ မဟုတ်ရင် မြင်ဖူးပြီးသားဖက်ရှင်ဆိုပြီး Consumers တွေကမဝယ်ပဲလှည့်ပြန်သွားလိမ့်မယ်” ဟု Cohen ကဆိုသည်။

“ဒီနှစ်ရာသီဖက်ရှင်တွေက နောက်နှစ်မှာရော Customers တွေကိုဆွဲဆောင်နိုင်ပါ့မလားဆိုတာ ကျွန်တော်တို့လဲ သိချင်နေပါတယ်” ဟု senior equity research analyst ဖြစ်သူ Oliver Chen ကဆိုသည်။ “Gap အတွက် အရေးအကြီးဆုံး quarter ဖြစ်တဲ့ ၂၀၂၀ ရဲ့နောက်ဆုံးအပတ်ရာသီမှာ trend ဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေ လုံလုံလောက်လောက်ရှိမနေဘူး။ အဲဒါနဲ့ ပါတ်သတ်ပြီး ဖြစ်လာနိုင်တဲ့ risks တွေကိုလည်း ရှာဖွေနေပါတယ်” ဟုသူကဆိုသည်။

GlobalData ၏လက်လီပိုင်းဆိုင်ရာ MD ဖြစ်သူ Neil Saunders က Gap ကရောင်းမည့် ဈေးနှုန်းနှင့်ပါတ်သတ်၍ “ပုံမှန်ဈေးနဲ့ပဲ အရင်ရောင်းလိမ့်မယ် နောက်မှလျှော့ဈေးနဲ့ အမြန်ရောင်းထုတ်ပါလိမ့်မယ်။ ဒါဟာ Gap လုပ်နေကျပုံစံပါပဲ” ဟု မှတ်ချက်ပြုခဲ့သည်။
ကူးယူဖော်ပြခြင်းမပြုပါ။

Source: CNN Business
Photo: Marketing Week

%d bloggers like this: