Gap နဲ့ Kanye West ဟာဆယ်ကျော်သက်အရွယ်ကတည်းက လက်တွဲခဲ့တာဖြစ်ပြီး အခုဆိုရင် ရာစုနှစ် ၃ စုနီးပါးရောက်ရှိကာ ရောင်းအား ဒေါ်လာသန်း၁၄၀ အထိမှတ်တမ်းဝင်ထားပါတယ်။ အခုဆိုရင် West ဟာ သူ့ရဲ့ပါတနာဟောင်းကြီး Gap ကိုတဖန် ကယ်တယ်တင်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။
West ရဲ့ဖက်ရှင် Brand ဖြစ်တဲ့ Yeezy နဲ့Gap တို့အတူလက်တွဲဖို့ သဘောတူညီချက်ရရှိထားကြပြီး အဝတ်အထည်ဖက်ရှင်လိုင်းအသစ်တခုကို ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်လောက်မှ မိတ်ဆက်ပေးနိုင်တော့မယ်လို့ Gap က ပြီးခဲ့တဲ့သောကြာနေ့က ကြေညာခဲ့ပါတယ်။ Yeezy Gap line ဟာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် အခြေခံကျပြီး ဆန်းသစ်ကာ ဈေးနှုန်းချိုသာတဲ့ အဝတ်အထည်တွေထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ သဘောတူညီထားကြတဲ့ ငွေရေးကြေးရေးနဲ့ ပါတ်သတ်ပြီးအတိအကျ ရှင်းလင်းထားတာမျိုးတော့မရှိသေးပါဘူး။
West နဲ့သဘောတူညီပြီးနောက်မှာတော့ Gap ရဲ့ရှယ်ယာဟာ ၃၆% ထိုးတက်သွားတယ်လို့ သောကြာနေ့မနက်ကကြေညာခဲ့ပါတယ်။
Yeezy ရဲ့သဘောတူညီချက်ဟာ Gap အတွက် ငွေကြေးအရရော စီးပွားရေးအရရော အထောက်အပံ့များစွာဖြစ်စေခဲ့ပါတယ်။ Gap ဟာ ကိုရိုးနားဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂၀၁၉ နှစ်ကုန်ကတည်းက ရောင်းအားဆက်တိုက်ကျဆင်းခဲ့ပြီး ၂၀၁၉ ဘဏာနှစ်အတွက် ရောင်းအား ဒေါ်လာ ၁၆.၄ သန်းသာရရှိခဲ့ကာ အတော်လေး ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ ထို့အပြင် ၆ နှစ်တာကာလအတွင်း CEO ၃ ဦးအပါအဝင် ကုမ္ပဏီရဲ့အဓိကကျတဲ့ အမှုဆောင်အရာရှိကြီးတွေ ရာထူးအပြောင်းအလဲများစွာ ပြုလုပ်ခဲ့ရပါသေးတယ်။
ဗိုင်းရပ်စ်ကြောင့် မေလ ၂ ရက်နေ့ထိ Gap ရဲ့ first quarter ရောင်းအားဟာ ၄၃%ကျဆင်းခဲ့ပြီး Old Navy နဲ့ Banana Republic စတဲ့ Brand များအပါအဝင် ကမ္ဘာတဝှမ်းရှိ စတိုးဆိုင်ရဲ့ ၉၀% ဖြစ်တဲ့ဆိုင်ခွဲပေါင်း ၃၉၀၀ ကိုမတ်လ ၁၉ ရက်နေ့ကတည်းက ယာယီပိတ်ထားခဲ့ရတာဖြစ်ပါတယ်။
West အတွက် အခုလို Partnership လုပ်ပြီးပူးပေါင်းတာဟာ သူ့ရဲ့ long-term goal ကိုဖြည့်ဆည်းလိုက်တာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ West ဟာ ၂၀၁၅ ခုနှစ်ကတည်းက သူရဲ့ဖက်ရှင်လုပ်ငန်းကြီးကို “Gap ရဲ့ Steve Jobs” ဖြစ်အောင်ရည်ရွယ်ထားလို့်ပါပဲ။ (Steve Jobs ဟာ Apple ရဲ့ဖခင်ကြီးဖြစ်ပါတယ်)
West ဟာ ဖက်ရှင်လောကမှာ အထူးအောင်မြင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ Yeezy brand ဟာ ၂၀၁၉ ခုနှစ်မှာရောင်းအား အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံရောက်ရှိမယ်လို့ New York Times ကခန့်မှန်းခဲ့ပါတယ်။
West ဟာ Nike နဲ့အတူ full collaboration ပြုလုပ်တဲ့ ပထမဆုံး အားကစားသမား မဟုတ်သူတဦးဖြစ်ကာ ၂၀၀၉ ခုနှစ်မှာ original Air Yeezy sneaker ဖိနပ်ကိုထုတ်လုပ်ခဲ့ပြီး အဲဒီဖိနပ်ဟာ ဒေါ်လာသန်းပေါင်းများစွာရှာဖွေပေးနိုင်တဲ့အထိ ပေါက်ခဲ့ပါတယ်။ West ရဲ့အဓိက ပါတနာဖြစ်တဲ့ Addidas နဲ့လည်း ၂၀၁၃ ခုနှစ်မှာ အတူစတင်လက်တွဲခဲ့ပြီး West အတွက် ဖက်ရှင်လောကမှာ အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC Business
Photo: Complex.com