0

နွေရာသီအထိ Pub နှင့် clubs များပြန်မဖွင့်နိုင်ပါက ဘီယာ ပိုင့်သန်းငါးဆယ်ကျော် သွန်ပစ်ရဖွယ်ရှိ။

Share

UK တဝှမ်းရှိ Pub နှင့် club များပိတ်ထားတာကြောင့် သိုလှောင်ထားသည့် ဘီယာစည်ပေါင်း မြောက်များစွာဟာ သောက်သုံးနိုင်ခြင်းမရှိပဲ ဒိတ်လွန်တဲ့အခြေအနေနှင့် ရင်ဆိုင်နေရပြီး ပိုင့်ပေါင်း သန်းငါးဆယ် ပမာဏရှိ ဘီယာနှင့်ဆိုက်ဒါ များဟာ ရေထုတ်မြောင်းထဲ သွန်ချပစ်ရတော့မယ့် အခြေအနေဆိုက်ရောက်နေပါတယ်။

ကိုရိုးနားဗိုင်းရပ်စ်ကြောင့် Public နေရာများအား လာမယ့်နွေရာသီအထိ ပိတ်ထားရဦးမယ်ဆိုလျှင် ဝယ်ယူထားသည့် ဘီယာစည်တွေဟာ သူတို့ရဲ့အရသာအကောင်းဆုံးအချိန်တွေကို ဒီအတိုင်း မြေအောက်ခန်းထဲမှာ ကုန်ဆုံးပစ်ရတော့မှာပါ။

ဆိုင်ရှင်တွေအနေနဲ့ဘီယာစည်တွေကို ဘီယာချက်စက်ရုံဆီပြန်ပို့ရမှာဖြစ်ပြီး အချို့ဘီယာချက် စက်ရုံများကတော့ အခမဲ့ စည်အသစ်များဖြင့် ပြန်လဲလှယ်ပေးမယ်လို့သဘောတူညီထားကြပါတယ်။

Tom Stainer အမည်ရှိ Camra ၏ အမှုဆောင်အရာရှိဖြစ်သူက အရသာအကောင်းဆုံးဖြစ်အောင် သေချာအားစိုက်ပြီး ချက်ထားတဲ့ ဘီယာတွေ အလဟက်သက်ဖြစ်တော့မှာ အရမ်းစိတ်မကောင်းကြောင်း BBC သို့ပြောခဲ့ပါတယ်။

UK ရှိ pub ပေါင်း ၃၉,၀၀၀ မှာပျမ်းမျှ တဆိုင်လျှင် ဘီယာ ၁၅ စည်ခန့်သိုလှောင်လေ့ရှိပြီး ၈၈ ပိုင့်ဆန့်တဲ့ စည်ငယ် တနည်းဆိုသော် ပိုင့်ပေါင်း ၅၁ မီလျံ ပမာဏရှိတဲ့ ဘီယာတွေဟာ မြေအောက်ခန်းထဲမှာ ပျက်စီးနေပြီဖြစ်ကြောင်း Mr Stainer ကခန့်မှန်းထားပါတယ်။

Lager နှင့် အပူချိန်သတ်မှတ်ချက်တခုဖြင့် ပေါင်းခံထားသည့် ဘီယာများဟာ ၃ လမှ ၄လ အထိကြာရှည်ခံပြီး craft ဘီယာနှင့် real ale တို့မှာ သက်တမ်း ၆ ပတ်မှ ၉ပတ်ထိသာ တာရှည်ခံတာဖြစ်ပါတယ်။ ဒါ့ကြောင့် lokdown မချမီ ဝယ်ယူထားသည့် ဘီယာများကို ဒိတ်မလွန်ခင်ရောင်းချနိုင်မှသာ အဆင်ပြေမှာဖြစ်ပါတယ်။

Pub2Me အမည်ရှိအဖွဲ့တခုမှ pub များအား ရှိထားပြီးသော ကုန်ပစ္စည်းများကို စာရင်းသွင်းဖို့ ဖိတ်ခေါ်နေပါတယ်။ ပါဝင်တဲ့ pub များမှာ မိမိတို့ရောင်းချလိုသည့် အစားအသောက် နှင့် အဖျော်ယမကာ များပါဝင်သော menu card များအားဖော်ပြထားမည်ဖြစ်ပြီး မှာယူသော customer များထံ delivery ပို့ပေးရန်စီစဉ်နေကြောင်းသိရပါတယ်။

စည်းကြပ်မည့်အခွန် ကင်းလွတ်ခွင့်ရစေရန် အချို့ pub ပိုင်ရှင်များက အသုံးမဝင်တော့သည့် ဘီယာများအား သွန်ပစ်ရန် စဉ်းစားနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခွန်ကင်းလွတ်ခွင့်ရရှိစေဖို့ ဆိုင်ရှင်များက ဘီယာများရောင်းချလို့မရတော့ကြောင်း သက်သေပြဖို့တော့ လိုအပ်ပါတယ်။ အစိုးရငွေတိုက်ကတော့ ပျက်စီးသွားသည့်ဘီယာများအပေါ် အခွန်ဆောင်ရန်မလိုကြောင်း ထုတ်ပြန်ထားပါတယ်။

ဘီယာချက်စက်ရုံများထံ ပြန်သွင်းလာသည့် အသုံးမဝင်တော့တဲ့ ဘီယာများအား ပြန်လည်ချက်လုပ်ပြီး မြေသြဇာနှင့် တိရစ္ဆာန်အစာများအဖြစ် ပြန်လည်ထုတ်လုပ်နိုင်ပါတယ်။ ဒါ့အပြင် alcohol ကိုလက်ဆေးရည်အဖြစ် ပြန်လည်ထုတ်လုပ်လို့ရပါသေးတယ်။
ဝန်ကြီးချုပ် Boris Johnson မှ မြို့အားပိတ်လိုက်ကြောင်း မတ်လ ၂၀ရက်နေ့ကအမိန့်ထုတ်ပြန်ပြီးနောက် supermarket များနှင့် pub များတွင် အရက်နှင့်ဘီယာ ရောင်းအားဟာ ပြီးခဲ့သည့်လမှာ ထက်ဝက်ကျဆင်းသွားခဲ့ပါတယ်။

စီးပွားရေး၊စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတဦးက “Pubs ဆိုတာ ပြည်တွင်း စီးပွားရေးအတွက် အဓိကကျတဲ့နေရာ ဖြစ်ပြီး လူအဖွဲအစည်းတခု၏ အသည်းနှလုံးလိုနေရာမျိုးပါပဲ” လို့ဆိုပါတယ်။

“အခုတော့ လူတွေဆီ ဗိုင်းရပ်စ်မကူးစက်စေဖို့ကာကွယ်တဲ့အနေနဲ့ သူတို့ကို ယာယီပိတ်ထားပေးဖို့တောင်းဆိုထားပါတယ်။ ဒါပေမဲ့လဲ ကိုရိုးနားဗိုင်းရပ်ကပ်ရောဂါ ကာလအတွင်းမှာ pub အပါအဝင် အခြားစီးပွားရေးလုပ်ငန်းတွေကို တတ်နိုင်သမျှ အကူအညီပေးနေပါတယ်”လို့ သူကဆိုပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Daily News
Image: AFP via getty images

%d bloggers like this: