အရင်က နောက်ကျိနေတဲ့ ဗင်းနစ်တူးမြောင်းထဲကရေတွေဟာ သန့်စင်လာပြီး ကြည်လင်တဲ့ရေထဲမှာ ငါးကလေးတွေကူးလူးဖြတ်သန်းနေကြတယ်။ လူသားတွေအိမ်ပြင်မထွက်ကြတော့ပဲ လှုပ်ရှားသွားလာမှုတွေရပ်တန့်သွားတဲ့အခါ သဘာဝတရားကြီးက သူ့နဂိုနေရာကို ပြန်ရောက်ရှိလာတယ်။ ကမ္ဘာတဝန်းမှာ Covid-19 လို့အမည်တွင်တဲ့ ကူးစက်ရောဂါကြီးကို ရပ်တန့်ပစ်ဖို့ မြို့တွေကို lockdown ချပြီးတဲ့နောက်မှာတော့ အရင်က အဆိပ်သင့်ဓါတ်ငွေ့တွေနဲ့ ပြည့်နေတဲ့ ကောင်းကင်ကြီးဟာ အခုအခါ လေထုညစ်ညမ်းမှု သိသိသာသာလျော့ကျလာပါတယ်။ ဖန်လုံအိမ်ကြောင့် ဖြစ်တဲ့လေထုညစ်ညမ်းမှုနှုန်းဟာ ထိုနည်းလည်းကောင်းပါပဲ။
ဂြိုလ်တုကတဆင့် ကြည့်လိုက်တဲ့အခါ တရုတ်ပြည်ရဲ့မြို့တော်ကြီးတွေထက်က အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်ပွားစေတဲ့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် level ဟာ ဇန်နဝါရီလက စတင်ပြီး ကျဆင်းလာခဲ့ပါတယ်။
ဒီလိုကျဆင်းလာတာဟာ လူတွေအားလုံး အိမ်အပြင်မထွက်ပဲ quarantine လုပ်ခြင်း၊ ခရီးသွားခြင်းအား ကန့်သတ်လိုက်ခြင်း၊ ဓါတ်အားပေးစက်ရုံ နှင့် စက်ရုံများကို ရက်တန့်လိုက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး မီးခိုးဖုန်မှုန့်တွေဟာ ပြီးခဲ့တဲ့ ၃နှစ် နဲ့ယှဉ်ကြည့်လျှင် ဖေဖော်ဝါရီလ ၂၀ – ၃၀% ထိ လျော့ကျလာခဲ့ပါတယ်။
မြို့တွေကို ပိတ်ချလိုက်တာကြောင့် ညစ်ညမ်းမှု လျှော့ကျလာတာဟာ တရုတ်မှာသာမကပဲ အခြားနေရာတွေမှာလဲ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဂြိုလ်တု အချက်အလက်တွေအရ အီတလီနိုင်ငံမှာလည်း နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်ဟာ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ်စတင်ဖြစ်ပွားပြီး ပထမဆုံး lockdown လုပ်လိုက်ရတဲ့ Po valley မှာပဲဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာလည်း ထိုနည်းတူပါပဲ။ အမေရိကန်နိုင်ငံ GPS ထိန်းချုပ်ရေးစခန်းတခုဖြစ်တဲ့ TomTom မှရရှိတဲ့ data တွေအရ အမေရိကားမှာ ယာဉ်ကြောပိတ်ဆို့မှုပြသာနာဟာ ၁၃.၅ မှ ၂၆%ထိ ကျဆင်းလာခဲ့ပါတယ်။ ဒါကြောင့် ကားတွေက ထုတ်လွှတ်တဲ့ ကာဘွန်မိုနောက်ဆိုဒ်တွေ ကျဆင်းလာတာဟာ အံ့သြစရာတော့ မရှိပါဘူး။ ဖေဖော်ဝါရီလမှာတော့ တရုတ်ပြည်တွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုဒ် level ဟာ ၂၅%ထိကျဆင်းခဲ့ပါတယ်။
မိုးတိမ်မဲကြီးတွေမှာတောင် ငွေမှင်ရောင် အနားကွပ်လေးရှိသေးတယ် ဆိုတဲ့အတိုင်း ဒါတွေအားလုံးဟာ အဆိုးထဲက အကောင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါဆိုးကြီးပျောက်ကင်းသွားပြီး အရာအားလုံးအရင်လို ပြန်လည်ပတ်လာတဲ့အခါ ယခုလိုပြောင်းလဲလာတာတွေကို ဘယ်လောက်ထိ ထိမ်းသိမ်းထားနိုင်မလဲဆိုတာက အရေးကြီးပါတယ်။ CO2 ကျဆင်းမှုတွေက ယာယီပဲဖြစ်ပါတယ်။
ဟိုးအရင်တုန်းကတော့ စီးပွားရေးတိုးတက်လေ လေထုညစ်ညမ်းမှု လျော့ကျလေလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အဲဒီလိုကျဆင်းရတာဟာ ကမ္ဘာ့စီးပွားရေးက ဆက်လက်တိုးတက်နေလျှင်တောင်မှ ကာဘွန်လျှော့ချတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုဖွံဖြိုးလာတာကြောင့်လို့ နော်ဝေ မှ International Climate Research ကဆိုပါတယ်။ အဲဒီကစလို့ကမ္ဘာ့ပတ်ဝန်းကျင်နှင့် လေထုအခြေအနေဟာ ပိုမိုဆိုးရွာလာပါတော့တယ်။ အကျဉ်းချုပ်ပြောရရင် Crisis တွေဖြစ်ပြီးနောက်မှာ လေထု အခြေအနေဟာ ပိုမိုဆိုးရွားလာတတ်ပါတယ်။ ဒီလိုဖြစ်တာ အကြောင်းရှိပါတယ်။
၂၀၀၉ ခုနှစ်မှာတုန်းက ရေနံနှင့်ဘိလပ်မြေထုတ် စက်ရုံတွေကြောင့် CO2 ထုတ်လွှတ်မှုဟာ ၁.၄% ကျဆင်းခဲ့ပါတယ်။ နောက်နှစ်တွေမှာတော့ ထုတ်လွှတ်မှု ၅.၉ % ထိပြန်လည်မြင့်တက်လာပြန်ပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းမှာတော့ ထုတ်လွှတ်မှု အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။
အားလုံးကို ခြုံကြည့်လျှင် ကမ္ဘာ့ဘဏ္ဏာရေးပျက်ကပ်တွေက CO2 ထုတ်လွှတ်မှုတွေအပေါ်မှာ သက်ရောက်မှုရှိစေတာကို တွေ့ရပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ ၂၀၀၈ စီးပွားရေး ပျက်ကပ်ကြီးဖြစ်ပြီးနောက် Emerging Economies countries တွေရဲ့ဓါတ်ငွေ့ထုတ်လွှတ်မှုတွေ မြင့်တက်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတွေဖြစ်ပါတယ်။
လေကြောင်းလိုင်းခရီးစဉ်တွေ ဖျက်သိမ်းလိုက်တာဟာလည်း ကာဗွန်ထွက်ရှိမှုနှုန်း လျော့ကျစေတဲ့ အဓိက အချက်တခုဖြစ်ပါတယ်။ လေကြောင်းလိုင်းကြီးတွေဟာ ဗိုင်းရပ်စ်မဖြစ်ခင်တုန်းကတည်းက CORSIA (Carbon Offsetting and Reduction Scheme for International Aviation) လို့ခေါ်တဲ့ လေယာဉ်တွေကြောင့် လေထုညစ်ညမ်းမှုကို လျှော့ချ ထိမ်းချုပ်မယ့် အစီအစဉ်ကို လာမယ့်နှစ်မှာ အကောင်အထည်ဖော်ကြဖို့သဘောတူညီကြပြီးဖြစ်ပါတယ်။
COVID-19 အတွက် ကမ္ဘာ့စီးပွားရေးအဖြေထုတ်ဖို့အခြေအနေ ၂ခုအပေါ်မှာ မူတည်နေပါတယ်။ တခုကတော့ ဒီကူးစက်ရောဂါကြီးဟာ ဘယ်အချိန်ထိ ဖြစ်နေဦးမှာလဲ ဆိုတာရယ်၊ အစိုးရအနေနဲ့နိုင်ငံရဲ့စီးပွားရေးကို ပြန်လည်ဆွဲတင်ဖို့ဘယ်လို ကြိုးပမ်းမှုတွေလုပ်မှာလဲ ဆိုတာဖြစ်ပါတယ်။
အစိုးရက နိုင်ငံ့စီးပွားရေးကို ပြန်ဆွဲတင်ဖို့ အတွက် အလွယ်ကူဆုံးနဲ့ အမြန်ဆုံးလမ်း လိုက်မယ်ဆိုရင်တော့ big industries တွေဖြစ်တဲ့ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းတွေဆီမှာ ရင်းနှီးမြှုပ်နှံဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်လိုက်ရင်တော့ အစိုးရအနေနဲ့ငွေတွေကို ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိတဲ့ energy industries တွေဖြစ်တဲ့ Solar Energy နဲ့ Nuclear Power များ၊ ဟိုက်ဒရိုဂျင် စွမ်းအင် အသုံးပြု လောင်စာများ၊ ဘက်ထရီအသုံးပြုတဲ့ မော်တော်ကား၊ ဟိုက်ဒရိုဂျင်စွမ်းအင်အတွက် သုတေသနဌာနတွေ နှင့် CO2 မပါဝင်တဲ့ စတီးနှင့် ဘိလပ်မြေထုတ်လုပ်တဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။
International Energy Agency ၏ဥက္ကဌဖြစ်သူ Fatih Birol ဆိုသူက ၂၀၀၈-၀၉ တုန်းက OECD လက်အောက်မှ အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲအစည်းတွေက ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်ထုတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့အဲဒီတုန်းက သူတို့နားကန်းနေသလိုပါပဲ။ ဒီတခေါက်အခြေအနေကတော့ အဲဒီတုန်းကထက် ထူးခြားမှုရှိလောက်မှာပါ ဟုဆိုပါတယ်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: The Economist