0

Coronavirus တားမြစ်ချက်များသည် ပင်လယ်ကူးသင်္ဘောများအတွက် ချိန်ကိုက်ဗုံးတလုံးပင်ဖြစ်သည်။

Share

ကိုရိုးနားဗိုင်းရပ်စ်ရောဂါကြောင့် သဘောၤသားအလဲအလှယ်ပြုလုပ်ခြင်းကို အဟန့်အတားဖြစ်စေသော တားမြစ်ချက်များသည် အလွန်ဆိုးရွားသော မတော်တဆမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု International Chamber of Shipping (ICS) မှ CNBC သတင်းဌာနသို့ပြောကြားခဲ့သည်။

သဘောၤအမှုထမ်းများ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် သက်သာချောင်ချိရေးအား အကာအကွယ်ပေးရန်အတွက် နိုင်ငံတကာ ရေကြောင်း စည်းမျဉ်းစည်းကမ်းအတိုင်း ပင်လယ်ပြင်၌ ရှိသော သင်္ဘော ဝန်ထမ်းပေါင်း ၁.၂ သန်းတွင် တကြိမ်လျှင် လစဉ် လူ ၁သိန်းခန့် သဘောၤပေါ်ကဆင်းလေ့ရှိကြသည်။

သို့သော် ယခုအခါ ကိုရိုးနားဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သဘောၤအမှုထမ်းများ ပြောင်းလဲခြင်းအား ရပ်တန့်ထားသည်။
သဘောၤသားအားလုံး၏ နေထိုင်မှုဘဝသည်လည်း အရေးကြီးသောကြောင့် ယခုပြဿနာကြီး ရှည်ကြာနေလျှင် သူတို့၏ စိတ်ဖိစီးမှုဒဏ်နှင့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ပြင်းထန်သည့် မတော်တဆမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ICS ၏ ဥက္ကဌဖြစ်သူ Esben Poulsson ကဆိုသည်။

“ရေးကြီးခွင်ကျယ်လုပ်တာတော့ မဟုတ်ပေမဲ့ ကျွန်တော်တို့အတွက် ချိန်ကိုက်ဗုံးတလုံးပါပဲ” ဟု Poulsson ကဆိုသည်။
အစိုးရ၏ ခရီးသွားလာမှု ပိတ်ပင်ထားခြင်းကြောင့် သင်္ဘောသားများ နေအိမ်သို့ပြန်ရန် လေယာဉ်များနှင့် ဆိပ်ကမ်းများ ပိတ်ထားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ကျန်းမာရေး ဆေးစစ်ချက်လုပ်ငန်းများ တားမြစ်ချက်များက မဖြစ်မနေ ဝန်ထမ်းအပြောင်းအလဲအတွက်ကိုပါ ဟန့်တားထားသည်။

ခရီးသွားခြင်း တားမြစ် ထုတ်ပြန်ချက်တွင် ခရီးသည်များအပြင် တာဝန်အရ နိုင်ငံတကာနယ်စပ်များသို့ဖြတ်သန်းသွားလာနေသူများပါ အကျုံးဝင်ကြောင်း ပါဝင်နေသည်။ ထိုသို့တားမြစ်ချက်များသည် global supply-chain အတွက် လေကြောင်းလိုင်းများနှင့် ရေကြောင်းလုပ်ငန်းများအတွက် မလိုလားအပ်သော ဘေးအန္တရာယ်များလည်း ဖြစ်ပေါ်စေနိုင်သည်။

IATA က လေကြောင်းနှင့်ရေကြောင်း ကုန်သွယ်ရေးအဖွဲ့၂ခုနှင့် ပူးပေါင်း၍ ဘင်္ဘောသားများ မိမိနေအိမ်သို့ပြန်နိုင်ရန် သက်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရေး နှင့် သဘောၤသား အပြောင်းအလဲပြုလုပ်နိုင်ရေး အတွက် ကူညီလုပ်ဆောင်လျက်ရှိသည်။
“ကျွန်တော်တို့ IATA (International Air Transport Association) နဲ့ အတူ နည်းလမ်းမျိုးစုံ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အစိုးရရဲ့အကူအညီကို အခုချိန်မှာ အလွန်လိုအပ်နေပါတယ်” ဟု Poulsson ကဆိုသည်။

“ဂျပန်၊ ဟောင်ကောင်နှင့် စင်ကာပူတို့က သင်္ဘောသား အလဲအလှယ်လုပ်ခြင်းကို တဆင့်ချင်းစီ အစဉ်အစဉ်တကျ သေချာကြပ်မတ်ပြီးလုပ်ဆောင်နေကြပါတယ်။ ကျွန်တော်တို့လည်း ဒီလိုမျိုးလုပ်ဖို့တရားစီရင်ပိုင်ခွင့်တွေလဲ လိုအပ်တယ်” ဟု သူကဆိုသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC news

%d bloggers like this: