0

ကိုရိုနာဗိုင်းရပ်စ်က အမေရိကန်ရှိ ကားအရောင်းစင်တာများကို အွန်လိုင်းမှသာ ရောင်းချဖို့ဖြစ်လာစေလျက်ရှိနေ

Share

မက်ဆာချူးဆက်စ် က အန်ဂျလို ဆယ်ဗေဒိုးကတော့ ကားအရောင်းသမားတွေထဲမှာ ကံကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေတဲ့ ကာလမှာ အခြား မီချီဂန်ပြည်နယ်က အရောင်းသမားတွေ၊ အရောင်းပြခန်းပိုင်ရှင်တွေ အနေနဲ့ သူတို့ရဲ့ မော်တော်ကားတွေကို ပိတ်သိမ်းခံရတာတွေ ရှိနေတဲ့ အချိန်မှာ သူကတော့ ပြည်နယ်ကွာလို့ ကြိုတင် အချိန်းအချက်ယူပြီး ရောင်းနိုင်နေဆဲ ဖြစ်လို့ပါပဲ။
အခြားအရောင်း စင်တာပိုင်ရှင်တွေက ပိတ်သိမ်းဖို့ ဖိအားပေးခံရတာတွေ၊ စင်တာ ပိတ်သိမ်းနေရတာတွေ ကြုံနေချိန်မှာ သူကတော့ ကားလာဝယ်မယ့် ဖေါက်သည်တွေကို တပြုံတည်း မလာကြဖို့၊ ကြိုတင် အချိန်းယူပြီးသာ လာဝယ်ကြဖို့ ပြောလို့ ရနေတာမို့ သူက ကားတွေ ရောင်းနေရပါသေးတယ်။
“ကြိုချိန်းပြီးမှ လာဝယ်ဖို့ လုပ်လိုက်တော့ ကျွန်တော်တို့ကတော့ အဆင်ပြေနေတုန်းပဲ” လို အန်ဂျလိုက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ “ဖေါက်သည်တွေက ကျွန်တော်တို့ကားတွေကို အွန်လိုင်း ဝဘ်ဆိုဒ်က တဆင့် ရွေးတယ်။ ကြိုက်ပြီဆိုတော့မှ ကျွန်တော့်တို့ကို ဖုန်းဆက်တယ်။ အလုပ်ဖြစ်နေတုန်းပဲဗျ” လို့ ဆိုပါတယ်။
မော်တော်ကား အရောင်းနဲ့ ပက်သက်လို့ ခုလို ကပ်ဘေးကြုံနေရချိန်မှာ ၈၀% ထိ အရောင်းကျဆင်းသွားမယ်လို့ အမေရိက J.D Power က ခန့်မှန်းထားပါတယ်။
အန်ဂျလို ဆယ်ဗေဒိုးလို လူအဖို့တော့ ခုချိန်ခါ ဝက်ဘ်ဆိုဒ်နဲ့ ကြိုတင်ရက်ချိန်းတွေကို ပိုအားကိုးနေရပါတယ်။
အခြား Sonic Automotive လို အရောင်းပြခန်းတွေလည်း အင်တာနက်၊ အွန်လိုင်းက ရောင်းချတာကို ပိုအားစိုက်နေရပါတယ်။
ဆိုးနစ် မော်တော်ရဲ့ အမှုဆောင်အရာရှိဖြစ်သူ ဒေးဗစ် စမစ် David Smith က CNBC ကို ပြောကြားရမှာ “အခုထိတော့ ကျွန်တော်တို့ အားထည့်ရုန်းနေပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ ဈေးကွက်အတွက် လုပ်စရာရှိတာတွေ လုပ်နေဆဲပါပဲ။ အွန်လိုင်းက Virtual Sales ပုံတွေကြည့်၊ စစ်ဆေးပြီး ရောင်းဝယ်တာတွေ၊ တယောက်နဲ့ တယောက် ထိတွေ့စရာမလိုပဲ ဝယ်ထားတဲ့ ကားကို အိမ်အရောက်ပို့တာတွေ၊ ဒီလိုမျိုးတွေ လုပ်နိုင်အောင် ကြိုးစားနေပါတယ်” လို့ ဆိုပါတယ်။
Sonic Automotive ဆိုးနစ်က အမေရိကမှာ စတုတ္ထမြောက်အကြီးဆုံး မော်တော်ကား လက်လီအရောင်း လုပ်ငန်းဖြစ်ပါတယ်။ ပြည်နယ် တစ်ဒါဇင်လောက်မှာ အရောင်းပြခန်းပေါင်း ၁၀၀ ကျော်ရှိတာပါ။
မြောက်ကယ်ရိုလိုင်းနားမှာ အခြေစိုက်တဲ့ ဒီကုမ္ပဏီဟာ ဝယ်လက်တွေက အွန်လိုင်းကသာ တောင်းဆိုမယ်ဆိုရင် ဖြစ်အောင်လုပ်ပေးဖို့ အသင့်ပါလို့ ဆိုပါတယ်။
J.D Power က ထုတ်ပြန်ချက်အရ ပြည်နယ်ပေါင်း ၂၄ ခုက တစ်နိုင်ငံလုံးအရောင်းရဲ့ ၄၄% ရှိခဲ့တဲ့ ကားအရောင်းလုပ်ငန်းတွေဟာ ဆက်လက် ဆိုင်ဖွင့်ကြမယ်လို့ သိရပါတယ်။ နောက်ထပ် အခြား ပြည်နယ် ၂၆ ခုရဲ့ လက်ကျန် ၅၆% သော အရောင်းပမာဏရှိ ဆိုင်၊ လုပ်ငန်း၊ ပြန်ခန်းတွေဟာ ရောင်းချဖို့ လုံးဝ ကန့်သပ်ခံထားရတာ၊ ဒါမှမဟုတ် အွန်လိုင်း၊ အင်တာနက်ကပဲ ရောင်းချစေဖို့ ညွှန်ကြားခံထားရတယ်လို့ သိရပါတယ်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: carvan, tesla, cnbc, sonic automotive, photo: luke sharrett:bloomberg: gettyimages

%d bloggers like this: