ကိုဗစ်ကန့်သတ်ချက်များလျှော့ချလိုက်ပြီးနောက် ပြည်ပဝယ်လိုအားမြင့်တက်လာချိန်တွင် တရုတ်၏နိုင်ငံတကာကုန်သွယ်ရေးဝန်ဆောင်မှုမှာ များပြားလှသောစိန်ခေါ်မှု အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း တရုတ်ကုန်သွယ်ရေးဒုဝန်ကြီးက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။
ကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအများစုမှာ အမှာစာမလုံလောက်ခြင်း၊ ကုန်ကျစားရိတ်မြင့်တက်ခြင်း၊ လုပ်ငန်းမျှော်မှန်းချက်နှင့်ပတ်သက်၍ မတည်ငြိမ်ခြင်းစသည့်စိန်ခေါ်မှုများနှင့်ကြုံနေရသည်ဟု တရုတ်နိုင်ငံတကာကုန်သွယ်ရေးဝန်ဆောင်မှုအသင်း (CIFTIS) အမှုဆောင်ချုပ် Sheng ကဆိုသည်။
တရုတ်ဗဟိုဘဏ် (The People’s Bank of China) သည် ပြီးခဲ့သည့် တနင်္လာနေ့က စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေသတ်မှတ်ချက်များကို လျှော့ချပေးခဲ့သည်။ နိုင်ငံ့နိုင်ငံခြားငွေလဲလှယ်ရေးဌာန၏ အချက်အလက်များအရ ဇွန်လ၌ ၂၀၂၁ ခုနှစ်ဒီဇင်ဘာနောက်ပိုင်း ဝန်ဆောင်မှုကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၇.၉ ဘီလီယံအထိ အမြင့်ဆုံးရောက်ရှိခဲ့သည်။
တရုတ်နိုင်ငံတကာကုန်သွယ်ရေးဝန်ဆောင်မှုအခမ်းအနား CIFTIS ကို တရုတ်အစိုးရက ကြီးမှူး၍ သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ဘေဂျင်း၌ ကျင်းပသွားမည်ဖြစ်သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: Getty Images