ယွမ်အားနည်းလာသောကြောင့် တရုတ် Investors များပြည်ပသို့ အလျင်စလို ရွှေ့ပြောင်းရင်းမြှုပ်နှံလာကြ

Share

တရုတ်ရင်းနှီးမြှုပ်နှံသူများက ‌‌ဒေါ်လာနှင့် ဟောင်ကောင်အာမခံများ အလျှင်အမြန်ဝယ်ယူကာ ၎င်းတို့ငွေကြေးများကို ပြည်ပသို့ရွှေ့ပြောင်းရန် စိုင်းပြင်းလျက်ရှိသည်။ တရုတ်နိုင်ငံ၏စီးပွါး‌ရေးအပေါ် အယုံအကြည်နည်းပါးလာပြီး တရုတ် ယွမ်ငွေတန်ဖိုးကျဆင်းလာခြင်းတို့ကြောင့် အနာဂတ်တွင် ပြဿနာများ ကြုံတွေ့နိုင်သည်ဟု ရင်းနှီးမြှုပ်နှံသူများက  ယူဆထားခြင်းလည်းဖြစ်နိုင်သည်။

ပြည်ပတို့ငွေကြေးရွှေ့ပြောင်းထားခြင်းသည် ပြည်သူများက တရုတ်နိုင်ငံ၏စီးပွါးရေးအပေါ် သံသယရှိခြင်းကို ဖော်ပြလျက်ရှိနေသည်။ ကိုဗစ်ကာလအလွန်တွင် စီးပွါးရေးပြန်ကောင်းမွန်လာသော်လည်း တိုးတက်မှု‌ နှေးကွေးလျက်ရှိသည်။ အိမ်ခြံမြေနှင့် စတော့ဈေးကွက် အခြေအနေမကောင်းသောကြောင့် ပြည်သူများက ငွေသုံးမည့်အစား စုဆောင်းသူကပိုများသည်။

ပြည်ပသို့ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံသူ Investors များတဖြေးဖြေး တိုးပွါးလာခြင်းကြောင့် ရေရှည်တွင် ယမ်ငွေတန်ဖိုးအပေါ် ဖိအားပိုများလာလိမ့်မည်ဟု brokers များကဆိုသည်။ လက်ရှိ ယွမ်တန်ဖိုးမှာ ၈လအတွင်း အနိမ့်ဆုံးသို့‌ရောက်နေသည်။

ပြည်မကြီးရင်းနှီးမြှုပ်နှံသူများက ဟောင်ကောင်နှင့် မကာအိုသို့ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံသည့် ပမာဏမှာ (ယွမ် ၈၁၄ သန်း) ယခင်နှစ်ထပ် ၂ဆများလာခဲ့သည်။ ထို့အပြင် ဟောင်ကောင် အာမခံပေါ်လစီမှ ရရှိသည့်ငွေသည် ပထမလေးလပတ်၌ စုစုပေါင်း ဒေါ်လာ ၉.၆ ဘီလီယံ အထိတိုးတက်မှု ၂,၆၈၆% အထိမြင့်တက်ခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများက ကြက်ဥအကုန်လုံးကို ခြင်းတစ်လုံးထဲမှာပဲ ထည့်ထားဖို့ မဖြစ်နိုင်သည့် သဘောကို ပိုမိုနားလည်လာကြသည့် သဘောဖြစ်သည်ဟု insurance broker တစ်ဉီးဖြစ်သူ Helen Zhao ကဆိုသည်။

ဟောင်ကောင် insurance သည် ပြည်မကြီးနှင့်ယှဉ်လျှင် ပိုမိုယုံကြည်စိတ်ချရခြင်း၊ အမေရိကန်ဒေါ်လာအပေါ် အခြေခံထားခြင်းတို့ ကြောင့် ရွေးချယ်စရာကောင်းသည့် ပြည်ပရင်းနှီးမြှုပ်နှံမှု အဖြစ် နှစ်ပေါင်းများစွာအသုံးပြုလျက်ရှိသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters, CNBC
Photo: Getty Images

%d bloggers like this: